မလေးရှားတွင် Tesla လုပ်ငန်းကဏ္ဍ တရားဝင် စတင်


မလေးရှားတွင် Tesla လုပ်ငန်းကဏ္ဍ တရားဝင် စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ကြာသပတေးနေ့(ဇူလိုင် ၂၀)တွင် Tesla သည် မလေးရှားတွင် ၎င်း၏ လုပ်ငန်းကဏ္ဍကို တရားဝင် စတင်လိုက်သည်။

 


Tesla သည် အရောင်းရဆုံးဖြစ်သည့် Model Y SUV ကို မလေးရှားတွင် တရားဝင် စတင်ရောင်းချသည်။
Model Y (rear-wheel drive), 
Model Y Long Range, 
Model Y Performance 
ဗားရှင်း ၃ မျိုး ရောင်းချသည်။
ဈေးနှုန်းမှာ ရင်းဂစ် ၁၉၉,၀၀၀ မှ ၂၈၈,၀၀၀ အထိ ဖြစ်သည်။
ကြိုတင်မှာကြားထားသူများကို ၂၀၂၄ နှစ်ဆန်းပိုင်းတွင် ကားများ ပေးအပ်မည်။

 


ကွာလာလမ်ပူမြို့ရှိ Pavilion KL စျေးဝယ်စင်တာ အဆောက်အဦအတွင်း ယာဉ်ရပ်နားရန်နေရာတွင် စူပါအမြန်အားသွင်းစခန်းတစ်ခုကို Tesla က တည်ဆောက်ထားသည်။ များမကြာခင်မှာ ဖွင့်လှစ်မည်။

"ကျွန်မတို့ ဂျိုဟိုးနှင့် ပီနန်တို့မှာ အားသွင်းရုံတွေ ထားပါမယ်။ မလေးရှားမှ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ထံ Tesla ကားဖြင့် သွားလာနိုင်ကြမှာ ဖြစ်ပါတယ်" ဟု Tesla ဒေသဆိုင်ရာ ဒါရိုက်တာ Isabel Fan က ပြောကြားသည်။
မလေးရှားရုံးချုပ်နှင့် Tesla Experience and Service Center ကို ဖွင့်လှစ်မည်ဖြစ်သည်။

 


Tesla သည် မလေးရှား အစိုးရ၏ ဘက်ထရီသုံး လျှပ်စစ်ကား အစီအစဉ်တွင် အကျုံးဝင်သဖြင့် သွင်းကုန်ခွန် ကင်းလွတ်ခွင့် ရသည်။
ဝယ်စီးသူသည် လမ်းခွန်အပါအဝင် အခွန်ကင်းလွတ်ခွင့်များ ရရှိသည်။ ဝင်ငွေခွန်တွင် ရင်းဂစ် ၂,၅၀၀ တစ်ကြိမ် နုတ်ပယ်ပေးသည်။ 


Malaysian Investment Development Authority (MIDA) သည် 2018 မှ 2023 ခုနှစ် မတ်လအထိ ရင်းဂစ် ၂၆.၂ ဘီလီယံ (ကန်ဒေါ်လာ ၅.၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှုပမာဏရှိသည့် အီးဗီ  စီမံကိန်းများ စုစုပေါင်း ၅၈ ခုကို အတည်ပြုခဲ့သည်။  မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်း၊ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနှင့် အားသွင်းခြင်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း စသည်တို့ ပါဝင်သည်။
မလေးရှားတွင် အားသွင်းရုံ ၁,၀၀၀ နီးပါးရှိပြီး ၂၀၂၅ ခုနှစ် နောက်ဆုံးထားပြီး နိုင်ငံတဝှမ်း အားသွင်းရုံ ၁၀,၀၀၀ တည်ဆောက်ရန် စီစဉ်ထားသည်။

မလေးရှားတွင် တရုတ် brand များဖြစ်သည့် BYD, Great Wall Motors နှင့် Chery တို့ ရောက်ရှိနေပြီ ဖြစ်သည်။

Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 257 times