ပရီမီယံမှာ Tesla ကို ပခုံးချင်းယှဉ်နိုင်လာသည့် Li Auto


ပရီမီယံမှာ Tesla ကို ပခုံးချင်းယှဉ်နိုင်လာသည့် Li Auto

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင်
Shanghai Auto Show တွင် ပြသထားသော
 Li L7 လျှပ်စစ် SUV 


တရုတ်နိုင်ငံ ကားဈေးကွက် အီးဗီ စစ်ပွဲများအတွင်း Li Auto သည် ဧပြီလတွင် ကားအစီးရေ ၂၅,၀၀၀ ကျော်ကို စံချိန်တင် အပ်နှံပေးနိုင်ခံ့ပြီး ပရီမီယံတန်းတွင်  Tesla ၏ အနီးကပ်ဆုံးပြိုင်ဘက် ဖြစ်လာသည်။
Li Auto က ပြည်တွင်းပြိုင်ဘက်များဖြစ်သော Xpeng နှင့် Nio တို့ထက် သာလွန်သွားသည်။

Li Auto ၏ အဆိုအရ စီးရေ နှစ်သောင်းခွဲ‌ကျော်ကို မှာကြားထားသူများထံ ကားအပ်နှံနိုင်ခဲ့သည်မှာ  ငါးယောက်စီး အထင်ကရ SUV ကားသစ် L7 မော်ဒယ်ကို လူကြိုက်များသောကြောင့် ဖြစ်သည်။

တရုတ်ကားထုတ်လုပ်သူ Li Auto သည် တစ်လအတွင်း အစီးရေ ၂၅,၀၀၀ ကျော် ကားအပ်နှံနိုင်သည့် ပထမဆုံး ပြည်တွင်းထုတ် ပရီမီယံ လျှပ်စစ်ကား အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။

ပေကျင်းမြို့‌တော် အခြေစိုက် Li Auto သည် ဧပြီလတွင် အစီးရေ ၂၅,၆၈၁ စီး ကားအပ်နှံခဲ့ကြောင်း ကြေညာသည်။ Li Auto အဖို့ တစ်လတာအတွင်း ကားအပ်နှံသည့် အများဆုံးစီးရေ စံချိန်သစ် ဖြစ်သည်။ 
Li Auto သည် ဈေးနှုန်းစစ်ပွဲတွင် ဘေးထွက်နေသည်။ အခြားကားလုပ်ငန်းများ ဈေးချရောင်းကြသည့်အထဲ ဝင်မပါချေ။

ဧပြီလသည် Li Auto ကားအပ်နှံမှု စီးရေ နှစ်သောင်းကျော်လွန်သွားသော ဒုတိယလဖြစ်သည်။ မတ်လတွင် ၂၀,၈၂၃ စီး အပ်နှံခဲ့သည်။

ကွမ်ကျိုးမြို့တွင် အခြေစိုက်သည့် လျှပ်စစ်ကားထုတ်လုပ်သည့် Xpeng သည် ဧပြီလတွင် စမတ်ကား ၇,၀၇၉ စီးကို မှာကြားထားသူများထံ ပေးအပ်ခဲ့သည်။

ရှန်ဟိုင်းမြို့တွင် ရုံးချုပ်ထားရှိသည့် Nio သည် ဧပြီလတွင်  ကားအစီးရေ ၆,၆၅၈ စီး အပ်နှံခဲ့သည်။

Li Auto သည် L7 SUV ကို ဖေဖော်ဝါရီလတွင် စတင်ရောင်းချခဲ့သည်။
တစ်လပြည့်ပြီးချိန်တွက် စီးရေ တစ်သောင်း ကားအပ်နှံပေးနိုင်ခဲ့သည်။ 
တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းဈေး ယွမ် ၃ သိန်း($43,400)အထက် ဖြစ်သော ပရီမီယံတန်းတွင် တစ်လတာ အများဆုံး ကားအပ်နှံနိုင်ခဲ့သည့် အများဆုံးစံချိန် ဖြစ်သည်။

  L7 ကို Air, Pro, Max ဟူ၍ ဗားရှင်း ၃ မျိုး ထုတ်လုပ်ထားသည်။ 
  Air ရောင်‌းဈေး ယွမ် ၃၁၉,၈၀၀
  Pro ရောင်းဈေး ယွမ် ၃၃၉,၈၀၀
  Max ရောင်းဈေး ယွမ် ၃၇၉,၈၀၀
  ဈေးသတ်မှတ်ထားပါသည်။
  
 တရုတ်ကုမ္ပဏီများ ဖြစ်သည့် Sunwoda Electric Vehicle Battery နှင့် Svolt Energy Technology တို့မှ ထုတ်လုပ်သည့် ဘက်ထရီထုပ်ကို သုံးစွဲထားသည်။ ခရီးတာ ၁,၃၁၅ ကီလိုမီတာအထိ သွားနိုင်သည်။

Source scmp

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 226 times