အိန္ဒိယမှာ Tesla ဒေါ်လာ ၂၄,၀၀၀ တန် မော်ဒယ်လုံးဝအသစ် ထုတ်လုပ်မည့် စက်ရုံအစီအစဉ် ဆွေးနွေးမည်


အိန္ဒိယမှာ Tesla ဒေါ်လာ ၂၄,၀၀၀ တန် မော်ဒယ်လုံးဝအသစ် ထုတ်လုပ်မည့် စက်ရုံအစီအစဉ် ဆွေးနွေးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Tesla မှ ကိုယ်စားလှယ်များသည် ကုမ္ပဏီမှ ဒေါ်လာ ၂၄၀၀၀ တန်  မော်ဒယ် လုံးဝအသစ် ကားများ ထုတ်လုပ်ရန်အတွက် စက်ရုံတည်ဆောက်မည့် အစီအစဉ်များကို ဆွေးနွေးရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးနှင့် ယခုလတွင် တွေ့ဆုံရန် စီစဉ်ထားသည်။

Tesla သည် ပြည်တွင်းဈေးကွက်နှင့် ပြည်ပပို့ကုန်အတွက် တန်ဖိုးနည်း လျှပ်စစ်ကားများ  ထုတ်လုပ်မည့် စက်ရုံကုိ  အိန္ဒိယတွင်တည်ဆောက်ရန် စိတ်ဝင်စားကြောင်း အဆိုပြုခဲ့သည်။ 

 အိန္ဒိယတွင် ရူပီး ၂ သန်း ($24,000) ဖြင့် ရောင်းချမည် ဖြစ်သည်။ လက်ရှိဈေးအသက်သာဆုံးမော်ဒယ် Model 3 sedan ကို တရုတ်ပြည်တွင် $32,200 ဖြင့် ရောင်းချနေသည်ထက် ၂၅% ဈေးပိုသက်သာမည့် မော်ဒယ်အသစ် ဖြစ်သည်။

အိန္ဒိယသည် ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်ဖြစ်သော်လည်း လျှပ်စစ်ကား ရောင်းအားသည် ကားအမျိုးစုံ စုစုပေါင်းရောင်းအား၏ ၂ % သာ ရှိသည်။

Tesla သည် အိန္ဒိယတွင် ကားစက်ရုံအပြင် ဘက်ထရီစက်ရုံလည်း ထူထောင်မည့် အစီအစဉ် ရှိသည်ဟု ရိုက်တာက သတင်းဖော်ပြသည်။
Source Reuters, Times of India 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 296 times