ကားစက်ရုံအတွက် ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် အိန္ဒိယအစိုးရနှင့် အပေးအယူများ Tesla ညှိနှိုင်း


ကားစက်ရုံအတွက် ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် အိန္ဒိယအစိုးရနှင့် အပေးအယူများ Tesla ညှိနှိုင်း

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

အိန္ဒိယတွင် စက်ရုံ ထူထောင်ပြီး လျှပ်စစ်ကားများ ထုတ်လုပ်ရန်အတွက် Tesla သည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို အိန္ဒိယအစိုးရထံ တင်ပြထားသည်ဟု Economic Times တွင် သတင်းဖော်ပြပါသည်။
သို့သော် တက်စလာက ရင်းနှီးမြှုပ်နှံမှု မပြုခင် တက်စလာ၏ အီးဗီများ တင်သွင်း ရောင်းချမည်ဖြစ်ပြီး သွင်းကုန်ခွန်ကို ၁၅% ထက် မပိုရန် အိန္ဒိယအစိုးရက သဘောတူပေးဖို့ တက်စလာက တောင်းဆိုထားသည်။ 

အိန္ဒိယသည် လျှပ်စစ်ကားမူဝါဒ အသစ်ကို ရေးဆွဲနေသည်။ ၎င်းမူဝါဒအသစ်တွင် သွင်းကုန်ခွန်ကို ၁၅% သို့ လျှော့ချမည်ဟု မျှော်လင့်ရသည်။
လက်ရှိတွင် ယာဉ်တန်ဖိုး $40,000 နှင့်အထက် ဆိုပါက သွင်းကုန်ခွန် ၁၀၀% စည်းကြပ်သည်။
ယာဉ်တန်ဖိုး $40,000 အောက် ဆိုပါက က သွင်းကုန်ခွန် ၇၀% စည်းကြပ်သည်

အကယ်၍ တက်စလာ တင်သွင်းသည့် အီးဗီများကို သွင်းကုန်ခွန် စည်းကြပ်ရာတွင် ၁၅% ထက်မပိုဘဲ အစီးရေ ၁၂,၀၀၀ တင်သွင်းခွင့် ပေးလျှင် တက်စလာက အိန္ဒိယတွင် ကန်ဒေါ်လာ သန်း ၅၀၀ အထိ ရင်းနှီးမြှုပ်နှံမည်။ အကယ်၍ အစီးရေ ၃၀,၀၀၀ အထိ သွင်းကုန်ခွန်  ၁၅% ထက်မပိုဘဲ တင်သွင်းခွင့် ပေးလျှင် ကန်ဒေါ်လာ ၂ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
တက်စလာ အဆိုပြုထားသည်ကို အိန္ဒိယ အာဏာပိုင်တို့က သုံးသပ်နေဆဲ ဖြစ်သည်။ 

တက်စလာသည် စက်ရုံ ထားရှိမည့် နေရာအတွက် မဟာရက်ရှထရာ၊ တမီးနာဒူးနှင့် ဂူဂျာရပ် ပြည်နယ် သုံးခုကို ပဏာမ ရွေးချယ်ထားသည်။ 

Source :  Economic Times
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 288 times