တရုတ်နိုင်ငံတွင် Tesla Cybertruck  နယ်လှည့် ခရီးစဉ် စတင်တော့မည်


တရုတ်နိုင်ငံတွင် Tesla Cybertruck  နယ်လှည့် ခရီးစဉ် စတင်တော့မည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံတွင် Tesla Cybertruck  နယ်လှည့် ခရီးစဉ်ကို စတင်ရန် စီစဉ်ထားသည်။ 

ခရီးစဉ် တရားဝင်အမည်မှာ “Tesla Cybertruck Off-Road Wagon China Tour” ဖြစ်ပြီး မြို့ကြီး ၈ မြို့ ပါဝင်သည်။

• ပေကျင်း

• ရှန်ဟိုင်း

• ရှန်ကျန်း

• ဟံကျို

• နန်ကျင်း

• ရှီအန်း

• ချန်ဒူ

• ချုံကင်း

တို့ ဖြစ်ပါသည်။ 

 

 တက်စလာသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်တွင် ဆိုက်ဘာထရပ်ကို ထုတ်ဖော်ပြသခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင်အမေရိကန်မှ မှာကြားထားသူများထံ စတင် ပေးပို့ခဲ့သည်။

 

ယခုအခါ တက်စလာသည်   ဆိုက်ဘာထရပ်ကို တရုတ်ဈေးကွက်တွင် ပွဲထုတ်ပြသမည် ဖြစ်သည်။

 

နယ်လှည့်ပြသသည့် ခရီးစဉ်ကို ဇန်နဝါရီ ၂၈ ရက်တွင် ရှီအန်း၌ စတင်မည်ဖြစ်သည်။

 ဆိုက်ဘာထရပ်သည် ပစ်ကပ်ထရပ် အမျိုးအစား ဖြစ်သည်။ တရုတ်ပြည်တွင် ပစ်ကပ်ထရပ်ကို အိမ်စီးကားဟု မသတ်မှတ်ဘဲ စည်းမျဉ်းစည်းကမ်းများ သီးခြားပြဋ္ဌာန်းထားသည်။

အဝေးပြေးလမ်းမကြီးတွင် ယာဘက်အစွန်ဆုံး အနှေးမောင်း ယာဉ်ကြောကိုသာ သုံးရသည်။ အမြန်ဆုံး အမြန်နှုန်းသည် တနာရီ ကီလိုမီတာ ၁၀၀ အထိသာ ခွင့်ပြုသည်။ အိမ်စီးကားများ တနာရီ ကီလိုမီတာ ၁၂၀ အထိ ခွင့်ပြုပါသည်။

 

Source: Fast Tech


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 142 times