အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ Tesla cybertruck ကားတစ်စီး မီးလောင်မှုကြောင့် အသက် (၁၉) နှစ်အရွယ် ကျောင်းသူ သေဆုံးသွားခဲ့ခြင်းနှင့် ပတ်သက်ပြီး ကာယကံရှင် ဖြစ်တဲ့ ကျောင်းသူလေးရဲ့ မိဘတွေက Tesla ကို တရားစွဲဆိုထားကြောင်း သိရပါတယ်။
အဆိုပါကိစ္စမှာ သေဆုံးသူ ခရစ်စတာ ဆုကာဟာရာ (Krysta Tsukahara) သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ကယ်လီဖိုးနီးယား ပြည်နယ် Piedmont မြို့ အနီးရှိ မော်တော်ကားမောင်းသူ တစ်ဦးနှင့် မိတ်ဆွေနှစ်ဦး အပါအဝင် စုစုပေါင်း လူသုံးဦး ပါဝင်သည့် Tesla Cybertruck မောင်းနေစဉ်မှာ မြို့နယ်ရှိ နံရံနဲ့ သစ်ပင်တစ်ပင်ကို တိုက်မိရာမှ ကားက စတင် မီးလောင်သွားတယ်လို့ သိရပါတယ်။
တရားဆွဲတင်ချက်အရ ယာဉ်သည် တိုက်မိချိန်မှာ အင်ဂျင်အမြန်နှုန်း မြင့်လွန်းခြင်းကြောင့် အင်ဂျင်ပါဝါ (12-volt system) ပျက်သွားပြီး Tesla cybertruck ကားရဲ့ အီလက်ထရွန်နစ် တံခါးဖွင့်စနစ်တွေက ပိတ်သွားခဲ့တာကြောင့် မောင်းနှင်လာသူတွေက ကားအတွင်းမှ ထွက်နိုင်ခြင်း မရှိခဲ့ကြောင်းကိုလည်း ဆိုထားပါတယ်။
သေဆုံးသူရဲ့ မိသားစုဘက်မှ ကာယံကံရှင် သေဆုံးရတဲ့ အဓိက အကြောင်းရင်းမှာ Tesla ရဲ့ Malfunction ကြောင့် ဆိုပြီး တရားရုံးကိုတင်ပြ စွဲဆိုထားတာပဲ ဖြစ်ပါတယ်။
ဒီ Accidentမှာ တစ်ဦးထဲသာ ယာဉ်ထဲကနေ ထွက်နိုင်ခဲ့ပြီး ကားထဲမှာ ကျန်ခဲ့တဲ့ ယာဉ်မောင်း Soren Dixon၊ jack Nelson နဲ့ Krysta Tsukahara တို့ကတော့ ကား Malfunction ကြောင့်မီးခိုး ငွေ့အလွန်အကျွံ ရှုရှိုက်ခြင်းနဲ့ မီးလောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့ပါတယ်။
အာဏာပိုင်များက ဖြစ်စဉ်အတွင်း ယာဉ်မောင်း speed limit ကိုကျော်နေခါ Cocaine နဲ့ Alcohol လို အစရှိတဲ့ Substance တွေလည်း သေဆုံးသူတွေရဲ့ ခန္ဒာကိုယ်ထဲမှာ တွေ့ရတယ်လို့ ပြောကြားခဲ့ပေမယ့် သည် သေဆုံးမိန်းကလေးရဲ့ မိသားစုဘက်မှကတော့ “Tesla cybertruck ရဲ့ System မှားယွင်းမှုကြောင့် လို့ပဲ ဆက်လက် ပြောဆိုနေတာကို ဖော်ပြထားပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း Tesla က လက်ရှိအချိန်မှာ တုံ့ပြန်ချက် တစ်စုံတစ်ရာ တုန့်ပြန်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။