ဇန်နဝါရီနောက်ပိုင်း ပဉ္စမအကြိမ်မြောက် Tesla ဈေးထပ်လျှော့


ဇန်နဝါရီနောက်ပိုင်း ပဉ္စမအကြိမ်မြောက် Tesla ဈေးထပ်လျှော့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Tesla သည် အမေရိကန်တွင် စျေးနှုန်းများကို ၂% မှ ၆% နီးပါးအထိ လျှော့ချကြောင်း ၎င်း၏ website တွင် ဧပြီလ ၆ ရက်တွင် ဖော်ပြထားသည်။ ၂၀၂၃ ဇန်နဝါရီလနောက်ပိုင်း ပဉ္စမအကြိမ်မြောက် ဈေးလျှော့ချခြင်း ဖြစ်သည်။

Model 3 ဆီဒင် ဗားရှင်း ၂ မျိုးစလုံး $1,000 ဈေးလျှော့လိုက်သည်။ Model Y crossover ကို $2,000 ဈေးလျှော့သည်။ 
ဈေးပိုကြီးသည့် Model S နှင့် Model X တို့ကို $5,000 ဈေးလျှော့သည်။


 Tesla သည် ပထမသုံးလပတ်အတွင်း ကားအစီးရေ ၄၂၃,၀၀၀ နီးပါး တင်ပို့ရောင်းချခဲ့ကြောင်းယခုသီတင်းပတ်တွင် အစီရင်ခံခဲ့သည်။

Tesla သည် ယခုနှစ်အတွင်း အမှာစာများထံ  စီးရေ ၁.၈ သန်းကို ပေးပို့နိုင်ဖို့ ရည်မှန်းထားသည်။

ယခုနှစ်စမှ ယခုအချိန်အထိ Model 3 ကို ၁၁% ဈေးချခဲ့သည်။ Model Y ကို ၂၀% ဈေးချခဲ့ပါသည်။


Source Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 279 times