တရုတ်ပြည်မှာ Tesla ကားထုတ်လုပ်မှု အရှိန်တက်


Tesla က တရုတ်ပြည်မှာ အီးဗီ ထုတ်လုပ်မှု အရှိန်ထိန်းထားနိုင်တာ တွေ့ရပေမဲ့ အရည်အသွေးပိုင်းမှာ ချို့ယွင်းချက် ပါနေတယ်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Tesla ကားစက်ရုံက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ လေးစားစရာ စီးရေ ၅၄,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

စီးရေအရကြည့်ရင် တရုတ်ပြည်တွင်းဈေးကွက်က ကမ္ဘာ့အကြီးမားဆုံး ကားဈေးကွက်ဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံး အီဗီဈေးကွက်လည်း ဖြစ်ပါတယ်။ Tesla အတွက် အရေးပါတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။

 ယခုအခါ Gigafactory Shanghai စက်ရုံက ပင်လယ်ရပ်ခြား တင်ပို့ရောင်းချဖို့အတွက် ကားတွေ ထုတ်လုပ်လျက် ရှိရာမှာ အမေရိကန်မှာ တည်ရှိတဲ့ Fremont စက်ရုံထက် စီးရေ ပိုများပါတယ်။
China Passenger Car Association (CPCA) မှ ထုတ်ပြန်တဲ့ အချက်အလက်များအရ အောက်တိုဘာလမှာ Gigafactory Shanghai စက်ရုံက စီးရေ ၅၄,၄၉၁ ထုတ်လုပ်ခဲ့ပြီး ၄၀,၆၆၆ စီးကို ပြည်ပသို့တင်ပို့ခဲ့ပါတယ်။
နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့မှာ Gigafactory Shanghai က တရုတ်ပြည်တွင်း ဈေးကွက်အတွက် ဦးစားပေး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 
 
Tesla က တရုတ်ပြည်မှ ကားဝယ်သူတွေ လက်ငင်း တစ်ပြားတစ်ချပ်မှ ငွေချေစရာ မလိုတဲ့ zero down payment အရစ်ကျစနစ်ဖြင့် ရောင်းချဖို့ စီစဉ်ခဲ့ပါတာ်။ 
ဒါပေမဲ့ ဝယ်လိုအား မြင့်တက်နေကြောင်း သိရတဲ့အခါ လက်ငင်း ယာဉ်တန်ဖိုး ၁၀% ပေးချေရတဲ့ 10% down payment ကို ပြောင်းလဲ လိုက်ပါတယ်။ တရုတ်ပြည်တွင်းမှ  ကြိုတင်အမှာစာ အများအပြား လက်ခံရရှိထားပါတယ်။

Tesla ထုတ်လုပ်တဲ့ Model 3 နဲ့ Model Y ကားတွေမှာ USB-C port ရှေ့ခန်းနဲ့ နောက်ထိုင်ခုံတို့မှာ ပါမလာဘူး။ ကြိုးမဲ့အားသွင်းကိရိယာ wireless charger တွေလည်း ပါမလာဘူး။ ကိုဗစ်ကြောင့် ပစ္စည်း အလုံအလောက် မရရှိတဲ့အတွက် မတပ်ပေးတော့ဘဲ ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ 

အပြည့်အစုံ မပါဝင်တာ လတ်တလောမှာ ကားကုမ္ပဏီတွေမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ပစ္စည်းပေးသွင်းကွင်းဆက်မှာ ပြဿနာတွေ တက်နေတဲ့အတွက် ပစ္စည်းတွေ လိုသလောက် မရကြဘူး။ BMW ရဲ့ မော်ဒယ်တချို့( X5, X6,  X7)
မှာ စခရင်တို့ထိtouchscreen စေခိုင်းမှု မပါဘူး။ 
GM ရဲ့ Silverado နဲ့  GMC Sierra ပစ်ကပ်တွေမှာ ဆောင်းကာလအတွက် ထိုင်ခုံမှာ ထည့်ပေးတဲ့ အနွေးဓာတ်ပေးစနစ် မပါ‌ေတာ့ဘူး။ 
 Mercedes-Benz မှာ wireless charging ၊ LED ရှေ့မီးကြီး မပါတော့ဘူး။
 ဒီတော့ Tesla ထုတ်လုပ်တဲ့ Model 3 နဲ့ Model Y ကားတွေမှာ ပစ္စည်းမရလို့ USB-C port အပေါက်ပဲ ထည့်ပေးလိုက်ပြီး ကြိုးဆက်သွယ်ထားခြင်း မရှိတာ အဆိုး မဆိုသာပါဘူး။ ဒါပေမဲ့ Tesla ကို ယုံယုံကြည်ကြည်ဖြင့် ဝယ်စီးတဲ့သူတွေကို USB-C port အပေါက်ပဲ ပါတာ၊ ဝါယာလက်အားသွင်းကိရိယာ မပါတာ ကြိုကြိုတင်တင် အသိမပေးခဲ့ဘဲ လက်ထဲ ကားရောက်လာမှ သိရလို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင် ကြပါတယ်။


 
  Tesla က ကားတစ်စီးချင်းစီမှာ လိုက်လံတပ်ဆင်ပေးပြီး ချွေးသိပ်ပါတယ်။

Tesla  ရဲ့ mobile service team ဖြင့် လာရောက်တပ်ဆင်ပေးဖို့ ယာဉ်ပိုင်ရှင်က ရက်ချိန်းယူပြီးတဲ့အခါမှာ mobile service team က အခမဲ့ လာရောက်တပ်ဆင်ပေးပါတယ်။

Read 678 times