၂၀၂၆ ခုနှစ်တွင် Tesla ဈေးကွက်ဝေစု သိသိသာသာ ဆုံးရှုံးမည်ဟု  Car Wars အစီရင်ခံစာတွင် ကြိုတင်ခန့်မှန်း


၂၀၂၆ ခုနှစ်တွင် Tesla ဈေးကွက်ဝေစု သိသိသာသာ ဆုံးရှုံးမည်ဟု  Car Wars အစီရင်ခံစာတွင် ကြိုတင်ခန့်မှန်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tesla သည် အမေရိကန် ကားဈေးကွက်မှာ ၂၀၂၆ ခုနှစ်တွင်  သိသာထင်ရှားသော အီးဗီ စျေးကွက်ဝေစု ဆုံးရှုံးမှုကို ကြုံရမည်။ အစဉ်အလာရှိသည့် မော်တော်ယာဥ်ထုတ်လုပ်သူများ ဖြစ်ကြသည့် Ford, General Motors  နှင့် Stellantis တို့က လာမည့် ၄ နှစ်အတွင်း ဈေးကွက်ဝေစုများ ရယူနိုင်ကြမည်ဟု Bank Of America (BofA) ၏ နောက်ဆုံးထုတ် Car Wars အစီရင်ခံစာတွင် ကြိုတင်ခန့်မှန်းထားသည်။
 အစဉ်အလာရှိသည့် မော်တော်ယာဥ်ထုတ်လုပ်သူများသည် ဈေးကွက်ဝေစုများ ပိုမိုရရှိကြမည် ဖြစ်သော်လည်း အီးဗီကဏ္ဍသည် ကြိုတင်မှန်းဆ၍မရနိုင်သည့် အနေအထားတွင် ဆက်ရှိနေဦးမည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။
 .
 “နောက်ထပ်လေးနှစ်ဟာ ထုတ်ကုန်မဟာဗျူဟာအတွက် မသေချာမရေရာဆုံးနဲ့ မငြိမ်မသက်ဖြစ်မှုအချို့ ဖြစ်ပေါ်နိုင်ပါတယ်”ဟု အစီရင်ခံစာတွင် ဆိုထားသည်။
အင်ဂျင်ကားများ ကြီးစိုးမှု နိဂုံးချုပ်မည်ဟု BofA က ဟောကိန်းထုတ်ထားသည်။
၂၀၂၄ မှ ၂၀၂၇ ခုနှစ်အထိ ကားမော်ဒယ်အသစ် အများစုမှာ အီးဗီများ ဖြစ်လိမ့်မည်။ ၎င်းကာလအတွင်း ကားမော်ဒယ်အသစ်များတွင် ၄၆% သည် အီးဗီ၊ ၁၈% သည် ဟိုက်ဘရစ်၊ ၃၅% သည် အင်ဂျင်ကားများ ဖြစ်မည်။
အမေရိကန် ကားဈေးကွက်မှာ ရောင်းအား ကြီးထွားနှုန်းတွင် အီးဗီက အင်ဂျင်ကားထက် သာမည်ဟု Car Wars အစီရင်ခံစာတွင် ဖော်ပြထားသည်။
.
အမေရိကန် အီးဗီဈေးကွက်တွင် Tesla သည် ၂၀၁၈ ခုနှစ်တွင် ဈေးကွက်ဝေစု အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ရှိခဲ့ရာ ဈေးကွက်ဝေစု ၇၈% ရရှိခဲ့သည်။
Tesla သည် ယခုနှစ်တွင် အီးဗီ စီးရေ ၂ သန်း ထုတ်လုပ်ရောင်းချနိုင်လိမ့်မည်။
 ၂၀၂၆ ခုနှစ် နှစ်ကုန်တွင် Tesla ၏ ဈေးကွက်ဝေစုသည် ၁၈% မျှသာ ရှိမည်။ Ford သည် ၁၄% ၊ GM သည်လည်း ၁၄% ရရှိမည်ဖြစ်ပြီး Stellantis သည် ၈% ရရှိမည်ဟု Car Wars အစီရင်ခံစာက ခန့်မှန်းထားပါသည်။ 
.
Tesla သည် မော်ဒယ်အသစ်တစ်ခု ထွက်လာရန် နှစ်အတော်ကြာအောင် အချိန်ယူသည်။ Ford နှင့် GM တို့သည် ဈေးနှုန်းအတန်းအစား အမျိုးမျိုးအတွက် မော်ဒယ် အမျိုးမျိုးကို နှစ်အနည်းငယ်အတွင်း ထုတ်လုပ်ကြမည် ဖြစ်သည်။
.
GM အမှုဆောင်အရာရှိချုပ် Mary Barra က ကုမ္ပဏီသည် ၂၀၂၄ နှစ်လယ်တွင် အီးဗီ အစီးရေ ၄ သိန်း ထုတ်လုပ်နိုင်မည့် လမ်းကြောင်းပေါ်ရောက်နေပြီဖြစ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် စီးရေ ၁ သန်းအထိ ထုတ်လုပ်နိုင်မည်။ Chevrolet Blazer EV နှင့် Equinox EV တို့ကို မက္ကဆီကိုနိုင်ငံရှိ GM ၏ တပ်ဆင်ထုတ်လုပ်ရေး လိုင်းများမှ ထုတ်လုပ်သည်။ 
.
Ford  သည် ဒုတိယမျိုးဆက် အီးဗီကို လုပ်ကိုင်နေပြီ ဖြစ်သည်။ 
Source: BofA Car Wars Report 
 

Read 309 times