ရေမြှုပ်ထားတဲ့ Tesla အလိုလို မီးထလောင်


ရေမြှုပ်ထားတဲ့ Tesla အလိုလို မီးထလောင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာ ရေကြီးစဉ်က ရေမြှုပ်ထားတဲ့ Tesla, Ferraris, Lamborghinis Bentleys ကားများကို ထားရှိတဲ့ Rancho Cordova ကားကွင်းထဲမှာ ရှိနေတဲ့ ရေမြှုပ်ထားတ‌ဲ့ Tesla ကား တစ်စီး အလိုလို မီးထလောင်သဖြင့် Sacramento မြို့ပြ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ခဲ့ပါတယ်။

 


ဩဂုတ်လ ၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးလောင်နေတဲ့ Tesla ကို လွတ်လွတ်ကင်းကင်း ရှိတဲ့နေရာကို ရွှေ့ဖို့လမ်းမလွတ်တာကြောင့် မီးလောင်နေတဲ့နေရာမှာပဲ ရေဖြင့် ငြိမ်းသတ်ခဲ့ကြပါတယ်။

 


မီးလောင်နေတဲ့ ဘက်ထရီကို ထိထိမိမိ ရေနဲ့ ထိုးနိုင်ဖို့ ကားကို တခြမ်းစောင်း ပင့်မ ထားပြီး ငြိမ်းသတ်ခဲ့ကြပါတယ်။

 

 

Sacramento မီးသတ်တပ်ဖွဲ့မှာ မီးလောင်တဲ့ Tesla ကားကို မီးငြိမ်းသတ်ဖူးတဲ့ အတွေ့အကြုံ ရှိပါတယ်။

၂၀၂၃ ဇန်နဝါရီလမှာ အဝေးပြေးလမ်းမှာ မီးလောင်နေတဲ့ Tesla Model S ရဲ့ ဘက်ထရီထုပ်ကို Sacramento မီးသတ်တပ်ဖွဲ့က မီးငြိမ်းခဲ့ကြပါတယ်။ လီသီယမ်-အိုင်းယွန်း ဘက်ထရီမီးက မီးသေဖို့ ခဲယဉ်းပါတယ်။ မီးသတ်ကား ၂ စီးဖြင့် ရေဂါလံ ၆,၀၀၀ သုံးစွဲပြီး ငြိမ်းသတ်ခဲ့ကြပါတယ်။

ယမန်နှစ် ၂၀၂၂ ဇွန်လမှာ စွန့်ပစ်တဲ့ ကားအဟောင်းတွေထားတဲ့ ကားကွင်းမှာ Tesla Model S တစီး မီးထလောင်သဖြင့် Sacramento မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ခဲ့ရာ မီးမငြိမ်းပါ။ နောက်ဆုံးမှာ ကားဘေးမှာ ကျင်းတူးပြီး ရေ ဂါလံ ၄,၅၀၀ ကျင်းထဲဖြည့်ထည့်ပါတယ်။ ဘက်ထရီ မီးစွဲနေတဲ့ Tesla ကားကို ကျင်းထဲ ထည့်၊ ရေမြှုပ်ပြီး ငြိမ်းသတ်ခဲ့ကြရပါတယ်။

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 759 times