တရုတ်ပြည်တွင် ကုန်အမှတ်တံဆိပ်တရားစွဲဆိုမှု Tesla အနိုင်ရ


တရုတ်ပြည်တွင် ကုန်အမှတ်တံဆိပ်တရားစွဲဆိုမှု Tesla အနိုင်ရ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်ပြည်တွင် Tesla ကုမ္ပဏီသည် ကုမ္ပဏီ၏ အမည်နှင့် လိုဂိုကို အသုံးပြုကာ ထုတ်ကုန်များရောင်းချနသည့်အတွက် ကုန်အမှတ်တံဆိပ်တရားစွဲဆိုမှုတွင် အနိုင်ရခဲ့ပါသည်။


Tesla သည် တရုတ်ကုမ္ပဏီ Zhongyin Food Co., Ltd ကို တရားစွဲခဲ့ပြီး Zhongyin သည် Tesla ၏ အမှတ်တံဆိပ်များ၏ တစ်ဦးတည်း မူပိုင်ခွင့်ကို  ချိုးဖောက်နေသည်ဟု ကုမ္ပဏီ၏ တိုင်ကြားချက်ကို တရားရုံးက အသိအမှတ်ပြုပြီး Tesla ကို အနိုင်ပေးခဲ့သည်။

Tesla အမည်နှင့် လိုဂို သုံးစွဲနေခြင်းအား ရပ်တန်းမှ ရပ်ရန်၊  Tesla အား နစ်နာကြေး ယန်း ၅ သန်း(ဒေါ်လာ ၆၉၀,၀၀၀ ဝန်းကျင်)  ပေးဆောင်ရန်နှင့် အများသူငှာ သိကြစေရန် ကြေညာချက်ထုတ်ပြန်ရန် တရားရုံးက အမိန့်ထုတ်ခဲ့သည်။


၂၀၁၉ ခုနှစ်ကတည်းက တရုတ်တွင် Tesla ဆိုဒါများနှင့် ဘီယာများ ဆက်တိုက်ထွက်ပေါ်ခဲ့သော်လည်း ၎င်းတို့သည် Tesla နှင့် လုံးဝမသက်ဆိုင်ပါ။

 

 


Tesla အမည်နှင့် လိုဂိုကို အလွဲသုံးစား လုပ်ပြီး Tesla ၏ ဂုဏ်ရိပ်ကို  အသုံးချကာ Zhongyin က စားသုံးသူများကို ဆွဲဆောင်ခဲ့ကြောင်း ထင်ရှားနေသည်။

Tesla သည် လျှပ်စစ်ကား ထုတ်လုပ်သည့်အပြင် အရက်ယမကာလည်း ရောင်းချသည်။ Tesla Tequila နှင့် Tesla Beer တို့ကို ဥရောပတွင် ရောင်းချသည်။
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 588 times