တောင်ကိုရီးယားသို့ Taycan ပေးပို့မှု Porsche  ရပ်ဆိုင်းထား 


တောင်ကိုရီးယားသို့ Taycan ပေးပို့မှု Porsche  ရပ်ဆိုင်းထား 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဂျာမန်ကားထုတ်လုပ်သူ Porsche  မှ ထုတ်လုပ်သော အီးဗီ Taycan  ကို တောင်ကိုရီးယားသို့ ပေးပို့ခြင်း Porsche u ရပ်ဆိုင်းထားသဖြင့် တောင်ကိုရီးယားမှ Porsche ဝယ်ယူရန် မှာကြားထားသူများနှင့် Porsche အရောင်းကိုယ်စားလှယ်များ မကျေမနပ် ဖြစ်နေကြသည်။ 
Taycan ပေးပို့မှု Porsche က ရပ်ထားသည်မှာ တစ်လကျော်သွားပြီ ဖြစ်ပြီး အကျိုးအကြောင်း မသိရသဖြင့် စိတ်တိုစရာ ကောင်းနေသည်ဟု အရောင်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။ 
စက်တင်ဘာလ လကုန်မှစ၍ အီးဗီ Taycan ပေးပို့မှု ရပ်ဆိုင်းထားခဲ့ပြီး အဘယ်ကြောင့် ရပ်ထားရသည်ကို တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ သတင်းမှောင်ချထားသည်။
"Taycan ပို့ဆောင်မှုကို ရပ်ဆိုင်းတော့မယ်လို့ ရုံးချုပ်ကနေ အကြောင်းကြားစာ ပို့ထားပေမယ့် တိကျတဲ့ အကြောင်းပြချက် မပါဘူး။ အသေးစိတ် အချက်အလက်တွေလည်း မပါဘူး" ဟု တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ Porsche  အရောင်းကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။


Porsche က အီးဗီ Taycan ကို တောင်ကိုရီးယား ဈေးကွက်တွင် ၂၀၂၀ ခုနှစ်မှဦ စတင်ရောင်းချခဲ့သည်။ ယခုအခါ တောင်ကိုရီးယားတွင် ရောင်းချသည့် မော်ဒယ်များမှာ 
Taycan, 
Taycan 4S, 
Taycan 4 Cross Turismo, 
Taycan GTS, 
Taycan Turbo, 
Taycan Turbo Cross Turismo နှင့် 
Taycan Turbo S 
တို့ ဖြစ်သည်။ 
.
ယမန်နှစ်က  Taycan စီးရေ ၁,၂၉၆ စီး ရောင်းချခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ စီးရေ ၁,၀၁၅ ရောင်းချခဲ့သည်။ 
.
Porsche Korea အနေဖြင့်လည်း အဘယ်ကြောင့်  Taycan ပေးပို့မှု ရပ်ဆိုင်းထားသည်ကို အကျိုးအကြောင်း မသိရချေ။ မည်သည့်အချိန်တွင် ပို့ဆောင်မှု ပြန်လည်စတင်မည် ဆိုသည်ကိုလည်း မသိရချေ။ 
.
ဩဂုတ်လတွင် ဘရိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့် တောင်ကိုရီးယား မြေယာ၊ အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ကားများကို ပြန်ခေါ်ပြီး ပြုပြင်စေခဲ့ရာ Taycan စီးရေ  ၂,၂၇၈ ကို ပြန်ခေါ်ယူခဲ့ရသည်။ ၂၀၂၀ စက်တင်ဘာလ ၂၃ မှ ၂၀၂၂ ဇူလိုင် ၂၈ အထိ ကာလအတွင်း ထုတ်လုပ်ခဲ့သည့် Taycan ကားများတွင် အဆိုပါ ပြဿနာ ရှိနေခြင်း ဖြစ်သည်။ 
၎င်းဩဂုတ်လတွင်လည်း Taycan ကားများ ပေးပို့မှု ယာယီရပ်ဆိုင်းထားခဲ့ဖူးပြီး ရပ်ဆိုင်းထားချိန် တစ်လခန့် ကြာမြင့်ခဲ့သည်။ 
Source koreatimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 481 times