အိန္ဒိယမှ Tata Group အီးဗီဘက်ထရီ ထုတ်လုပ်မည့် ဒေါ်လာ ၅ ဘီလီယံ gigafactory ယူကေတွင် တည်ဆောက်မည်


အိန္ဒိယမှ Tata Group အီးဗီဘက်ထရီ ထုတ်လုပ်မည့် ဒေါ်လာ ၅ ဘီလီယံ gigafactory ယူကေတွင် တည်ဆောက်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

•Tata Group မှ တည်ဆောက်မည့် Gigafactory သည်ဥရောပ၏ အကြီးဆုံး အီးဗီဘက်ထရီစက်ရုံများထဲမှ တစ်ခုဖြစ်လာလိမ့်မည် ဖြစ်ကြောင်းယူကေအစိုးရမှ ပြောကြားသည်။

•၂၀၂၆ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် ရည်မှန်းထားသည်။

• Tata Group က ၎င်းစက်ရုံစီမံကိန်းအတွက် ပေါင် ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်။
 

အိန္ဒိယ ကုမ္ပဏီစုကြီး The Tata Group သည် ယူကေတွင် လျှပ်စစ်ကားဘက်ထရီများ ထုတ်လုပ်မှုအတွက် အကြီးစား စက်ရုံစီမံကိန်းကို ပေါင် ၄ ဘီလီယံကျော် (ကန်ဒေါ်လာ ၅.၁၇ ဘီလီယံဝန်းကျင်) ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်မည်။ 

U.K အစိုးရက အဆိုပါ စက်ရုံသည် တိုက်ရိုက်အလုပ်အကိုင်ပေါင်း ၄,၀၀၀ ကို ဖန်တီးပေးမည်ဖြစ်ပြီး Tata Motors ၏ လုပ်ငန်းခွဲဖြစ်သည့် Jaguar Land Rover အတွက် အီးဗီဘက်ထရီများ ထုတ်လုပ်ပေးမည် ဖြစ်သည့်အပြင် ယူကေရှိ အီးဗီများအတွက်ပါ ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်သည်။

ဘက်ထရီစက်ရုံသည် ကနဦး ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် 40GWh ထုတ်လုပ်မည်။


ယူကေသည် ၂၀၃၀ ခုနှစ်တွင် ဒီဇယ်နှင့် ဓာတ်ဆီ အိမ်စီးကားများနှင့် လုပ်ငန်းသုံးဗင်များ အသစ်ရောင်းချခြင်း ရပ်မည်။ ၂၀၃၅ တွင် ကားအသစ်အားလုံး ဓာတ်ငွေ့ထုတ်လွှတ်မှု မရှိစေရဟု ရည်မှန်းချက် ချမှတ်ထားသည်။

Source cnbc
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 712 times