ပြင်းထန်သော စျေးကွက်ပြိုင်ဆိုင်မှုကြောင့် Tan Chong Motor ၀င်ငွေ အားပျော့


ပြင်းထန်သော စျေးကွက်ပြိုင်ဆိုင်မှုကြောင့် Tan Chong Motor ၀င်ငွေ အားပျော့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မလေးရှား အ‌ခြေစိုက် Tan Chong Motor Holdings Bhd ၏ ဝင်ငွေသည် လာမည့် ၃ လပတ်တွင် အရောင်းနှင့် ဝန်ဆောင်မှု အခွန် sales and service tax (SST) ကင်းလွတ်ခွင့် သက်တမ်းကုန်ဆုံးသဖြင့် လည်းကောင်း၊ ပြင်းထန်သောစျေးကွက်ပြိုင်ဆိုင်မှုကြောင့် လည်းကောင်း ဆက်လက်အားပျော့နေဦးမည်ဟု ခန့်မှန်းထားသည်။
.
SST ကင်းလွတ်ခွင့်သည် ၂၀၂၃ မတ်လကုန်တွင် သက်တမ်းကုန်ဆုံးခဲ့ပါသည်။ သို့ဖြစ်ရာ ကားဝယ်လိုအား လျော့ကျစေပြီး လာမည့် ၃ လပတ်များတွင် Tan Chong ၏ မလေးရှားအတွက် ရောင်းအား လျော့နည်းနေမည် ဖြစ်သည်။ မော်ဒယ်အသစ်များအပေါ် စိတ်ဝင်စားမှု မရှိကြဟု Hong Leong Investment Bank (HLIB) Research က သုံးသပ်သည်။
.
အဓိက အားပြုသည့် မော်ဒယ်များ ဖြစ်သည့် Almera, Serena Hybrid, Navara တို့ကို ဆက်လက် အားပြုထားသည်။ အခြားကားထုတ်လုပ်သူများနှင့် တိုက်ရိုက် ဈေးနှုန်းယှဉ်ပြိုင်မှုကို ရှောင်ရှားထားသည်ဟု HLIB Research က ပြောကြားသည်။
.
" မလေးရှားမှာ အီးဗီများအတွက် အခွန်ကင်းလွတ်ခွင့် သက်တမ်းတိုးခြင်းကို အခွင့်ကောင်းယူဖို့  Nissan Leaf နှင့် Renault Zoe  လျှပ်စစ်ကား မော်ဒယ်အသစ်နှစ်မျိုးကို မကြာသေးမီက မိတ်ဆက်ခဲ့ပါတယ်" ဟု HLIB Research က ပြောကြားသည်။
.
Tan Chong ၏ ဗီယက်နမ်မှ ရောင်းအား ကျဆင်းလိမ့်မည်ဟု HLIB Research က ပြောကြားသည်။ MG ကားမော်ဒယ်များအတွက် ဖြန့်ဖြူးရေး ကိုယ်စားလှယ် ရယူထားခြင်းသည် ၂၀၂၃ ဇွန်လ ၃၀ ရက်တွင် သက်တမ်းကုန်ဆုံးမည်။
.
"ကျန်တဲ့ဈေးကွက်တွေမှာလည်း အားပျော့နေတယ်။ မြန်မာမှာ နိုင်ငံရေး မတည်ငြိမ်ဘူး။ လာအိုနှင့် ကမ္ဘောဒီးယားမှာ ငွေဖောင်းပွမှု မြင့်မားနေပါတယ်" ဟု HLIB Research က ပြောကြားသည်။ 
.
Tan Chong သည် ၂၀၂၃ မတ်လ ၃၁ ရက်တွင် ကုန်ဆုံးသည့် ပထမ၃ လပတ်တွင် အသားတင် အရှုံး ရင်းဂစ် ၁၀ သန်း ရှိကြောင်း ကြေညာခဲ့သည်။
Source nst
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 260 times