ထုတ်လုပ်မှု ရပ်ဆိုင်းထားခြင်းနှင့် စပ်လျဉ်း၍ Suzuki (Myanmar) Motor Co.,Ltd. တရားဝင်ပြောကြား



ထုတ်လုပ်မှု ရပ်ဆိုင်းထားခြင်းနှင့် စပ်လျဉ်း၍ Suzuki (Myanmar) Motor Co.,Ltd. တရားဝင်ပြောကြား

 

မော်တော်ယာဉ် ထုတ်လုပ်မှုများ ရပ်ဆိုင်းထားရခြင်းအတွက် Suzuki (Myanmar) Motor Co.,Ltd နှင့် Suzuki Thilawa Motor Co.,Ltd.က အသိပေးပြောကြားထားသည်ကို ဖော်ပြအပ်ပါသည်။ 

တန်ဖိုးထားလေးစားအပ်ပါသော Customer များခင်ဗျာ

Suzuki အမှတ်တံဆိပ် Brand New မော်တော်ကားများကို စုံစမ်းမေးမြန်းမှုများနှင့် ဝယ်ယူရန် စာရင်းပေးသွင်းခြင်း၊ စောင့်ဆိုင်းပေးခြင်းများကို အထူးပင်ကျေးဇူးတင် ဝမ်းမြောက်ရပါသည်။

Customer များ၏လက်ဝယ်သို့ အရည်အသွေးကောင်းမွန်သည့် မော်တော်ကားများကို အရောက်ပို့ပေးနိုင်ရန်နှင့် ပိုမိုကောင်းမွန်သည့် After Sales Services များကို ပေးနိုင်ရန်လည်း Suzuki နှင့်အတူ Suzuki ၏အရောင်းပြခန်းအသီးသီးက အစဉ်ကြိုးစားလျက်ရှိပါသည်။

Suzuki အနေဖြင့် Customer များ၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်ကြောင့် တပ်ဆင်ထုတ်လုပ်မည့် ကားအစိတ်အပိုင်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးမှုများဖြစ်ပေါ်နေပါသည်။

ထို့ကြောင့် Suzuki (Myanmar) Motor Co.,Ltd. နှင့် Suzuki Thilawa Motor Co.,Ltd. တို့၏ ထုတ်လုပ်မှု လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားရပါသည်။ 

သို့ဖြစ်ပါ၍ အရောင်းပြခန်းများတွင် Customer များက စာရင်းသွင်းမှာယူထားသည့် ကားများကို လွှဲအပ်ရန်မှာ ကြန့်ကြာနေရပါသည်။ ကားအပ်နိုင်မည့် အချိန်ကာလကို ခန့်မှန်းပြောကြားနိုင်ခြင်း မရှိသည့်အတွက်လည်း Suzuki အနေဖြင့် အနူးအညွှတ်တောင်းပန်အပ်ပါသည်။ 

Customer များ၏လက်ဝယ်သို့ရောက်ရှိပြီးဖြစ်သည့် မော်တော်ကားများ၏ Warranty နှင့် Service ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ Suzuki အနေဖြင့် အပြောင်းအလဲမရှိ အပြည့်အဝတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် စိတ်ပူပင်ခြင်း မရှိကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ Suzuki Showroom များကလည်း ပိုမိုကောင်းမွန်သည့် Service ပိုင်းဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ အကယ်၍ မမျှော်မှန်းနိုင်သည့်အခြေအနေများကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်လာခဲ့ပါလျှင်လည်း Suzuki အား နားလည်ပေးကြပါရန်နှင့် ဆက်လက်အားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Suzuki (Myanmar) Motor Co.,Ltd/ Suzuki Thilawa Motor Co.,Ltd.

Myanmar Automobile Guide

 Telegram Channel

https://t.me/Guid4U

MAG

Read 4364 times