သီရိလင်္ကာတွင် ၂၀၂၁ တွင် ထရက်တာ တင်သွင်းမှုက SUV ထက် ၄ ဆကျော် ပိုများခဲ့


သီရိလင်္ကာတွင် ၂၀၂၁ တွင် ထရက်တာ တင်သွင်းမှုက SUV ထက် ၄ ဆကျော် ပိုများခဲ့


သီရိလင်္ကာနိုင်ငံမှာ ၂၀၂၁ ခုနှစ်တွင် ပြည်ပမှ တင်သွင်းတဲ့ ထရက်တာ စီးရေ ၁၀,၀၀၀ ဝန်းကျင်နှင့်  SUV နှင့် crossover စီးရေ ၂,၃၈၄ တို့ မော်တော်ယာဉ်ကနဦးမှတ်ပုံတင်ခဲ့ကြပါတယ်။

သွင်းကုန်ခွန် မြင့်မြင့်မားမား ရရှိတဲ့ ၄ ဘီးနှင့် ၃ ဘီး မော်တော်ယာဉ်တွေ တင်သွင်းမှု တားဆီးထိန်းချုပ်ထားလို့ အခွန်ဝင်ငွေ များစွာ လျော့ကျခဲ့ပါတယ်။ 
တိုင်းပြည်မှာ နိုင်ငံခြားငွေ ရှားပါးနေသဖြင့် ကားတင်သွင်းခွင့်တွေ ပိတ်ပင်ထားပါတယ်။  

သီရီလင်္ကာမှာ ၂၀၂၁ ခုနှစ်အတွင်း ပြည်ပမှ တင်သွင်းတဲ့ SUV နှင့် crossover၂,၃၈၄ စီး ကနဦး မှတ်ပုံတင်ခဲ့ပြီး ၂၀၂၂ ဇန်နဝါရီလအတွင်း ပြည်ပမှ တင်သွင်းတဲ့ SUV  နှင့် crossover ၁၇၆ စီး ကနဦး မှတ်ပုံတင်ခဲ့ပါတယ်လို့  သီရိလင်္ကာ ကိုလံဘိုမြို့ မှ JB Securities က အချက်အလက် ထုတ်ပြန်ပေးခဲ့ပါတယ်။ 

“SUVcrossover တွေ တင်သွင်းကြတာ စံချိန်တင် များလာတယ်။ ဇန်နဝါရီမှာ ၁၇၆ စီး မှတ်ပုံတင်ခဲ့တယ်။ ၂၀၂၁ ဒီဇင်ဘာလတုန်းက အစီး ၁၀၀ လောက် မှတ်ပုံတင်ခဲ့ကြတယ်"
လို့ ၎င်းလုပ်ငန်းက ပြောကြားပါတယ်။ 

မော်တော်ယာဉ်ကို Knocked down  အဖြစ်တင်သွင်းရင် သွင်းကုန်ခွန် အတော်သက်သာပါတယ်။  

“Mahindra ရဲ့ KUV 100 မော်ဒယ် ၁၁၈ စီး မှတ်ပုံတင်တယ်။ crossover  အငယ်စားပါ။ သီရိလင်္ကာမှာ တည်ရှိတဲ့ Ideal Motors က တွဲစပ်တပ်ဆင် ထုတ်လုပ်ထားတဲ့ကားတွေပါ။ မှတ်တမ်းမှာ Toyota Land Cruiser ဂျစ်ကား ၂၈ စီး ပါတယ်။ အဲဒါက ဂျပန်အစိုးရက သီ*ီလင်္ကာ ရဲတပ်ဖွဲ့ကို လက်ဆောင်ပေးတဲ့ ကားတွေပါ"
 

သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Nivard Cabraal တိုင်းပြည်မှာ နိုင်ငံခြားငွေပြတ်လပ်နေတဲ့အတွက် နိုင်ငံခြားငွေ ရပေါက်ရလမ်းတစ်ခုအဖြစ် ပြည်ပမှာ နိုင်ငံခြားငွေ ရရှိတဲ့ နိုင်ငံသားများ ပြည်တွင်းသို့ ကားတင်သွင်းဖို့ ခွင့်ပြုပေးထားပါတယ်။ တင်သွင်းလာတဲ့ ကားအပေါ် စည်းကြပ်တဲ့ သွင်းကုန်ခွန် အပါအဝင် အခွန်အားလုံးကို အမေရိကန်ဒေါ်လာဖြင့် နိုင်ငံတော်ကို ပေးဆောင်ရပါတယ်။ 

 

 

Read 848 times