ကျည်ဆံရထား SUV အီးဗီ မော်ဒယ် Ford ထုတ်လုပ်မည်


ကျည်ဆံရထား SUV အီးဗီ မော်ဒယ် Ford ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အစဉ်အလာကြီးမားသော Ford Motor Company သည် လျှပ်စစ်ကားနယ်ပယ်တွင် F-150 Lightning ပစ်ကပ်ထရပ်ဖြင့်  လှိုင်းထစေခဲ့သည်။
ယခုတဖန် ကျည်ဆံရထား SUV အီးဗီ မော်ဒယ်သည်လည်း လှိုင်းထဦးမည်ဟု မျှော်လင့်ရသည်။

ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Jim Farley နှင့် EVs နှင့် Digital Systems ၏ အရာရှိချုပ် Doug Field သည် မကြာသေးမီက ကျင်းပခဲ့သည့် Ford Investor Day အခမ်းအနားတွင် ထိုင်ခုံသုံးတန်းပါသည့် ဘက်ထရီ-လျှပ်စစ် SUV မော်ဒယ်အသစ်၏ အချက်အလက်အချို့ကို တင်ပြခဲ့ကြသည်။

 အဆိုပါ အီးဗီ SUV ကို မော်ဒယ်အမည် မပေးရသေးပါ။

သို့သော် ကားလောကတွင် တစ်ကိုယ်ရေသုံး ကျည်ဆံရထား “personal bullet train” ဟု အမည်တွင်သည်။
 ကိုယ်ပိုင်ကားအဖြစ်ဖြင့် ကိုယ့်မိသားစု အတူသွားလာကြဖို့ အဆင်ပြေသည်။
 ကျည်ဆံကဲ့သို့ မြန်ဆန်သည်။
 ရထားကဲ့သို့ လူများများ ဆံ့သည်။ ထိုင်ခုံ ၃ တန်းပါသည့် ၇ ယောက်စီး ဖြစ်သည်။
 ထို့ကြောင့် ကျည်ဆံရထားဟု အမည်ပေးထားကြခြင်း ဖြစ်သည်။

 


 Ford SUV အီးဗီများတွင် ဘက်ထရီ ပိုသေးငယ်သည့် 100 kWh ဘက်ထရီ သုံးစွဲမည်ဖြစ်ပြီး ခရီးတာ မိုင် ၃၅၀ အထိ သွားနိုင်သည်။
ယာဉ်အလေးချိန် လျှော့ချရန် ပိုသေးငယ်သည့်ဘက်ထရီကို သုံးပေးထားသည်ဟု Ford က ဆိုသည်။
၂၀၂၅ ခုနှစ်တွင် စတင်ထုတ်လုပ်မည်။
Source Ford
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 431 times