ထိုင်းမှာ လျှပ်စစ်ကား SUV မော်ဒယ်ဖြင့် ထုတ်လုပ်မှု စတင်မည်ဟု Changan ပြောကြား


ထိုင်းမှာ လျှပ်စစ်ကား SUV မော်ဒယ်ဖြင့် ထုတ်လုပ်မှု စတင်မည်ဟု Changan ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ Changan Automobile သည် ထိုင်းနိုင်ငံရှိ ရယောင်းမှ ၎င်း၏စက်ရုံမှာ ၂၀၂၅  ခုနှစ် ပထမသုံးလပတ်တွင် Sport Utility Vehicles (SUV) ကို စတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်း Changan Automobile ၏ ထိုင်းနိုင်ငံအတွက် လုပ်ငန်းခွဲဖြစ်သည့် Changan Auto Sales (Thailand) ၏ မန်နေးဂျင်းဒါရိုက်တာနှင့် ဥက္ကဋ္ဌ Shen Xinghua က ပြောကြားသည်။

"ထိုင်းနိုင်ငံဟာ ကျွန်တော်တို့ရဲ့ ကားမော်ဒယ်လ်သစ်တွေကို တရားဝင်မိတ်ဆက်မယ့် ပထမဆုံးနိုင်ငံဖြစ်လာမှာပါ" ဟု ၎င်းက ပြောကြားသည်။

တနင်္လာနေ့တွင် ပြီးဆုံးခဲ့သည့် ၁၂ ရက်ကြာ ကျင်းပသည့် Bangkok International Motor Expo တွင် Mr Shen က Thailand Changan ၏ အာဆီယံဈေးကွက်အတွက် ထုတ်လုပ်မှု အခြေစိုက်မည့်  အစီအစဉ်ကို အကြမ်းဖျင်း ပြောကြားခဲ့သည်။ 
၎င်းကားပြပွဲတွင် ချန်းဂန်းသည် အမှာစာ ၃,၅၄၉ စီး လက်ခံရရှိခဲ့သည်။ အမှာစာများတွင် ၉၀% သည် ချန်းဂန်း၏ SUV မော်ဒယ်ဖြစ်သည့် Deepal S07 ကို ဝယ်ယူကြခြင်း ဖြစ်သည်။ ကျန်သည့် ၁၀% မှာ ဆီဒင်မော်ဒယ် Deepal L07 ကို ဝယ်ယူကြခြင်း ဖြစ်သည်ဟု Mr Shen က ပြောကြားသည်။

ထိုင်းဈေးကွက်တွင် ဆီဒင်ထက် SUV ကို လူကြိုက်ပိုများပါသည်။


Changan သည် တစ်နှစ်လျှင် အီးဗီ အစီးရေ ၁ သိန်း ထုတ်လုပ်ရန် စီစဉ်ထားပြီး ကနဦးတွင် SUV အစီးရေ ၃ သောင်းမှ ၅ သောင်းအထိ ထုတ်လုပ်သွားရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

"ရယောင်း စက်ရုံမှာ ဆီဒင်ကားတွေ ထုတ်လုပ်မလားဆိုတာနဲ့ ပတ်သက်ပြီး ချုံကင်းရုံးချုပ်နဲ့ ဆွေးနွေးတိုင်ပင်နေပါတယ်။ မကြာခင် ဆုံးဖြတမချက် သိရမှာပါ” ဟု Mr Shen က ပြောကြားသည်။


Changan သည် ၂၀၂၃-၂၅ ခုနှစ်အတွင်း လုပ်ငန်းတိုးချဲ့ရန်အတွက် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်ကို ဘတ် ၈.၈၆ ဘီလီယံ လျာထားခဲ့ရာမှ တိုးမြှင့်လိုက်ပြီး ဘတ် ၁၀ ဘီလီယံအထိ သုံးစွဲရန် စီစဉ်ထားသည်။

တိုးမြှင်လိုက်သော ဘတ်ဂျက်ဖြင့် စက်ရုံများ တည်ဆောက်ရန် မြေဧရိယာ ရိုင် ၃၀၀ ဝယ်ယူခြင်း၊ 
 အရောင်းပြခန်းများ ဖွင့်လှစ်ခြင်း၊ မော်တော်ယာဥ်ပစ္စည်း သိုလှောင်ရုံများ ဆောက်လုပ်ခြင်းနှင့် စျေးကွက်ရှာဖွေရေး အစီအစဉ်များ အကောင်အထည်ဖော်ရန်အတွက် သုံးစွဲသွားမည်ဟု  ၎င်းက ဆိုသည်။

ကုမ္ပဏီသည် ယခင်က ရယောင်းရှိ စက်မှုဇုန်တွင် ၎င်း၏ စက်ရုံတည်ဆောက်ရန် မြေဧရိယာ ရိုင်၂၅၀ ကို ဝယ်ယူခဲ့သည်။ ယခု နောက်ထပ် ရိုင် ၃၀၀ ထပ်မံဝယ်ယူမည် ဖြစ်သည်။

ချန်းဂန်းသည် ထိုင်းနိုင်ငံတွင် ဘက်ထရီသုံး အီးဗီစစ်စစ်များ၊ ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီများ၊ ခရီးတာဆန့်ထုတ်သည့် အီးဗီများ (range-extended EVs) ထုတ်လုပ်မည်။ ထိုင်းပြည်တွင်း ရောင်းချရန်အပြင် ဩစတြေးလျ၊ နယူးဇီလန်၊ ယူကေနှင့် တောင်အာဖရိက နိုင်ငံများသို့ တင်ပို့ရန်အတွက်လည်း ထုတ်လုပ်မည်။

"ထိုင်းမှာ တရုတ်ကားကုမ္ပဏီ ခုနစ်ခု ရှိ‌နေပြီး  အီးဗီ မော်ဒယ် ၃၀ ရောင်းချလျက် ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။

 Changan သည် လာမည့်နှစ်တွင် ထိုင်းနိုင်ငံတွင် ကားအစီးရေ ၂ သောင်းမှ ၃ သောင်းအထိ ရောင်းချနိုင်မည်ဟု မျှော်လင့်ထားသည်။


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 603 times