တမူထူးခြားပေးထားသည့် ၅ သောင်းမြောက် Supercharger [Video]


တမူထူးခြားပေးထားသည့် ၅ သောင်းမြောက် Supercharger 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


Tesla သည် မကြာသေးမီက ခုရေ ၅ သောင်းမြောက် Supercharger အားသွင်းတိုင်ကို တပ်ဆင်ခဲ့ပြီး ၅ သောင်းမြောက် အထိမ်းအမှတ်အဖြစ် တမူထူးခြားပေးထားသည်။

Tesla က ခုရေ ၅ သောင်းမြောက် Supercharger အားသွင်းတိုင် ဓာတ်ပုံအချို့ကို လူမှုကွန်ရက် ပလက်ဖောင်း X တွင် တင်ပြပြီး အသိပေးခဲ့သည်။

 

 

ပုံမှန် Supercharger အားသွင်းတိုင်  အရောင်မှာ အဖြူရောင် လွှမ်းထားပြီး အနီရောင်ကို တွဲဘက် သုံးစွဲထားသည်။ ၅ သောင်းမြောက် Supercharger အားသွင်းတိုင်သာ အနီရောင်ကို အပြည့်သုံးထားသည်။ ၎င်းအနီရောင်သည် သာမန် Supercharger အားသွင်းတိုင်မှ အနီရောင်နှင့် မတူချေ။ အနီရောင် ပိုရင့်သည်။ Model S/Model X မော်ဒယ် ကားများတွင် သုံးစွဲသည့် Ultra Red အနီရောင် ဖြစ်သည်။ 

 

အားသွင်းတိုင် အောက်ခြေနားတွင် "No 50,000" ဟု ကမ္ဗည်းထိုးထားသည်။ 

 

Tesla က တင်ထားသည့် ပို့စ်တွင် ၅ သောင်းမြောက် Supercharger ကို မည်သည့် နေရာတွင် တပ်ဆင်ထားကြောင်း အသိမပေးထားချေ။ ကမ္ဘာ့တစ်နေရာ "somewhere in the world" ဟုသာ ဖော်ပြထားသည်။

 

 

Tesla ၏  NACS charging connector သုံးထားသဖြင့် မြောက်အမေရိက တစ်နေရာဟု ခန့်မှန်းနိုင်ပါသည်။ 

 

 

များမကြာခင်မှာပင် ၅ သောင်းမြောက် Supercharger တပ်ဆင်ပေးထားသည့်နေရာကို တွေ့ရှိသူတစ်ဦးက တည်နေရာ အတိအကျမှာ 1851 Freedom Way, Roseville, CA ဟု ကယ်လီဖိုးနီးယားတွင် ဖြစ်ကြောင်း ပို့စ်တင်ပေးခဲ့ပါသည်။

 

Tesla Owners Silicon Valley ကလည်း YouTube တွင် ဗီဒိယိုအတိုတစ်ခု တင်ပြပေးခဲ့ပါသည်။ 


ယခုအခါ Tesla ၏ Supercharger အားသွင်းကွန်ရက်သည် အားသွင်းတိုင် အရေအတွက်အရ ကမ္ဘာ့အကြီးဆုံး အားသွင်းကွန်ရက်အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်နောင်တွင်လည်း ကမ္ဘာ့အကြီးဆုံး အားသွင်းကွန်ရက်အဖြစ် ဆက်ရှိနေဦးမည် ဖြစ်ပြီး   NACS charging connector သည် မြောက်အမေရိက၏ စံအဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။ 
အခြားကားကုမ္ပဏီများသည် NACS ချိတ်ဆက်အားသွင်းနိုင်အောင် အီးဗီများကို ထုတ်လုပ်ကြတော့မည် ဖြစ်ပါသည်။ 

 

NACS charging connector သုံးစွဲသည့်/ သုံးစွဲမည့် ကားကုမ္ပဏီများ
●  Tesla
● Ford
● General Motors (GM)
● Rivian
● Volvo
● Polestar
● Mercedes-Benz
● Nissan
● Honda

ထပ်တိုးလာနိုင်သည့် ကားကုမ္ပဏီ
● Hyundai/Kia

Tesla သည် ရည်မှန်းချက် ကြီးမားပါသည်။ အမည်ပေးကတည်းက "မြောက်အမေရိကအားသွင်းစံ" "North American Charging Standard" NACS ဟု အမည်ပေးထားသည်။ 

Source Tesla

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


 

Read 237 times