ဥရောပဈေးကွက်ထဲ မောင်းဝင်မယ့် တရုတ် Super Van


ဥရောပဈေးကွက်ထဲ မောင်းဝင်မယ့် တရုတ် Super Van

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံမှ စွမ်းအင်သစ် ထရပ်ကား ထုတ်လုပ်ရေးလုပ်ငန်း Farizon ကို တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Geely က ပိုင်ဆိုင်သည်။
Farizon က ပြည်တွင်းဈေးကွက် အပြင်ဘက်သို့ မောင်းထွက်ပြီး ဥရောပဈေးကွက်တွင် ကုန်တင်ယာဉ်ငယ်များကို ၂၀၂၄ တွင် ရောင်းချရန် ပြင်ဆင်နေသည်။ Super Van ဟု အမည်ပေးထားသော လျှပ်စစ်ထရပ်ကားများဖြင့် ဥရောပဈေးကွက်ထဲသို့ မောင်းဝင်မည်ဟု Farizon စီအီးအို Fan Xianjun က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
ကုန်တင်ဗင်များအကြားတွင် Super Van သည် အရောင်းရဆုံး ထိပ်တန်း ၃ ခုတွင် စာရင်းဝင်ဖြစ်ဖို့ ရည်မှန်းထားသည်ဟု Fan က ပြောကြားသည်။
"အဲဒီ ကုန်တင်ဗင်ကို ဉရောပမှ လုပ်ငန်းများရဲ့ လိုအပ်ချက်များနှင့်အညီ ဒီဇိုင်းထုတ်ထားပါတယ်" ဟု Fan က ပြောကြားသည်။
ရေရှည်တွင် ဂျပန်၊ တောင်ကိုရီးယား၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှ ဈေးကွက်များတွင်လည်း ရောင်းချမည် ဖြစ်သည်။

 


.
Farizon Super Van လုပ်ငန်းသုံး လျှပ်စစ်ဗင် ၂ မျိုးကို လာမည်နှစ်တွင် တရုတ်ပြည်တွင်းဈေးကွက်ထဲမှာ စတင်ရောင်းချမည်။
.
Super Van သည် မြို့တွင်း ပို့ဆောင်ရေး လျှပ်စစ်ဗင်ဖြစ်ပြီး ထူးခြားချက်မှာ  ဓာတ်ဆီ-လျှပ်စစ် ဟိုက်ဘရစ် စခန်းချကားအဖြစ်သို့လည်းကောင်း အအေးခန်းကုန်တင်ကား အဖြစ်သို့ လည်းကောင်း၊ ပစ်ကပ်ထရပ်ကားအဖြစ်သို့လည်းကောင်း  ပြောင်းလဲနိုင်သည်ဟု Fan က ပြောသည်။
.
Farizon သည် Super Van အပြင် မောင်းသူမလိုသည့် ထရပ်ကား Homtruck Cabless ကိုလည်း ထုတ်လုပ်ထားသည်။ 
Homtruck သည် သတ်မှတ်ထားသည့် ဧရိယာအတွင်း၌သာ သုံးစွဲရန်ဖြစ်သည်။ ဆိပ်ကမ်းများ၊ မိုင်းတွင်းများတွင် အသုံးပြုနိုင်သည်။ အလိုအလျောက် မောင်းသူမဲ့ ကုန်စည် ပို့ဆောင်ရေးအတွက် ဒီဇိုင်းထုတ်ထားသည်။ Homtruck ကို တရုတ်ပြည်တွင်း ဈေးကွက်၌သာ ရောင်းချမည်။

Farizon သည် မော်တော်ယာဉ်များ ထုတ်လုပ်ရောင်းချခြင်းကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပြီး ယမန်နှစ်က အကြမ်းဖျင်းအားဖြင့် စီးရေ ၅ သောင်းခန့် ရောင်းချခဲ့သည်။  ယခုနှစ်တွင် စီးရေ ၆၀,၀၀၀  အထိ ရောင်းချနိုင်မည်ဟု ရည်မှန်းထားသည်။ 

 


Farizon သည် ပလက်ဖောင်းတစ်ခုတည်းဖြင့်   Super Van အပါအဝင် ဗင်ကား မော်ဒယ်အမျိုးမျိုးကို ထုတ်လုပ်သွားမည့် အစီအစဉ် ချမှတ်ထားသည်။

Super Van ကို စစချင်းတွင် လျှပ်စစ်ကားစစ်စစ် အဖြစ် ထုတ်လုပ်မည်။ နောက်နောင်တွင် ဘက်ထရီ အလုံးလိုက်ဖြုတ်လဲနိုင်သော ဗားရှင်းကို ထုတ်လုပ်မည်။ ထို့ပြင် ဟိုက်ဘရစ် ဗားရှင်း၊ မက်သနောလောင်စာသုံး ဗားရှင်းတို့ကို ထတ်လုပ်မည်ဟု Fan က ပြောသည်။


Super Van နှင့် Homtruck  တို့တွင် အလိုအလျောက် မောင်းနှင်နိုင်စွမ်းရည် အတိုင်းအတာ တစ်ခုအထိ ထည့်ပေးထားမယ်။ ကားတည်နေရာကို ဂြိုဟ်တု အသုံးပြုပြီး အတိအကျ သိနိုင်မည်။ ၂၀၃၀ တွင် အပြည့်အဝ ပင်ကိုမောင်းနှင်စွမ်းရည် ပါလာမည် ဖြစ်သည်။ 
ဂြိုဟ်တု အသုံးပြုနိုင်ရန် Geely ၏ Geespace က ကမ္ဘာပတ်လမ်းအနိမ့်တွင် ဂြိုဟ်တုများ လွှတ်တင်ထားပြီးပြီ ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုစနစ်သည် တရုတ်ပြည်တွင်းကိုသာ လွှမ်းခြုံထားသဖြင့် ပြည်ပဈေးကွက်များတွင် သုံးစွဲ၍ ရနိုင်မည် မဟုတ်ချေ။ ပြည်ပနိုင်ငံမှ ချမှတ်ထားသော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အချက်အလက် မပေါက်ကြားရေး အစီအမံများနှင့် အညီ လုပ်ကိုင်ပေးနိုင်မှသာ ဂြိုဟ်တုစနစ်ကို သုံးခွင့်ရမှာဖြစ်ကြောင်း Fan က ပြောကြားပါသည်။

Source CNA
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1227 times