တက်စလာ အားသွင်းစနစ် Subaru သုံးစွဲမည်


တက်စလာ အားသွင်းစနစ် Subaru သုံးစွဲမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Subaru သည် ၂၀၂၅ ခုနှစ်မှစတင်၍ ၎င်း၏ လာမည့် လျှပ်စစ်ကား‌ေမာ်ဒယ်များတွင် တက်စလာ၏ ဘက်ထရီ အားသွင်းစနစ်ကို အသုံးပြုမည်ဟု ကြေညာပါသည်။

 Tesla ၏ North American Charging Standard (NACS) ကို သုံးခြင်းစွဲဖြင့် Subaru ၏ အနာဂတ် အီးဗီများသည် တက်စလာ၏ ကမ္ဘာတစ်ဝှမ်းရှိ  ကျယ်ပြန့်သော အားသွင်းစခန်းများ ၅ သောင်းကျော်ကို အသုံးပြုနိုင်ကြမည်ဖြစ်သည်။

Toyota နှင့် Lexus တို့သည် NACS ကို သုံးစွဲမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

တိုယိုတာ ကားမော်ဒယ်အချို့ကို ထုတ်လုပ်ပေးနေသည့် Subaru သည်လည်း တိုယိုတာနည်းတူ NACS ကို လက်ခံသုံးစွဲလိုက်ခြင်း ဖြစ်သည်။

Subaru သည် ၂၀၂၈ ခုနှစ်တွင် အီးဗီ မော်ဒယ်ရှစ်မျိုး ထုတ်လုပ်ရန် စီစဉ်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် ရောင်းချသည့် ကားစီးရေ စုစုပေါင်း၏ တဝက်သည် အီးဗီ ဖြစ်ရန် ရည်မှန်းထားသည်။


Source Subaru
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 529 times