တရုတ်မှ ထွက်ခွာသည့် Stellantis စက်ရုံ ၃ ရုံ ရောင်းချ


တရုတ်မှ ထွက်ခွာသည့် Stellantis စက်ရုံ ၃ ရုံ ရောင်းချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

• Stellantis သည် တရုတ်ဈေးကွက်ကို တိုးမပေါက်သဖြင့် ကျောခိုင်း ထွက်ခွာသည်။

• Dongfeng Motors သည် Peugeot နှင့် Citroen မော်ဒယ်ကားများ ထုတ်လုပ်ရန် စက်ရုံများကို ဝယ်ယူမည်ဖြစ်သည်။
Dongfeng Motor သည် ဖက်စပ်လုပ်ငန်း Dongfeng Peugeot-Citroën Automobile DPCA ၏ ပိုင်ဆိုင်မှုအချို့ကို ယွမ် ၁.၇ ဘီလီယံ (ကန်ဒေါ်လာ ၂၃၄.၄ သန်း) ဖြင့် ၀ယ်ယူမည်ဟု ပြောကြားသည်။ ထိုသို့ ဝယ်ယူပြီးနောက် ဖက်စပ်လုပ်ငန်းသို့ ငှားရမ်းမည်။ 

ကမ္ဘာတစ်လွှား ကားထုတ်လုပ်သူ Stellantis က  Dongfeng Motors နှင့် ပူးတွဲပိုင်ဆိုင်သည့် စက်ရုံ ၃ ရုံကို တရုတ်နိုင်ငံမှ ထုတ်လုပ်သူထံ ရောင်းချခဲ့ကြောင်း ကြေညာသည်။

Stellantis နှင့် Dongfeng တို့၏ ဖက်စပ်လုပ်ငန်း  Dongfeng Peugeot Citroen Automobile (DPCA) သည် ဝူဟန်၊ ရှန်ယန်၊ ချန်ဒူ တို့တွင် ကားစက်ရုံများ လုပ်ကိုင်သည်။

 Stellantis သည် Guangzhou Automobile Group  နှင်လည်း ဖက်စပ်လုပ်ငန်း လုပ်ကိုင်ခဲ့ပြီး ၎င်းလုပ်ငန်းသည် ယမန်နှစ်က ဒေဝါလီခံခဲ့ပါသည်။

Source : Yicai
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2359 times