တရုတ်နိုင်ငံမှ Stellantis Jeep အရောင်းကိုယ်စားလှယ်များ နစ်နာကြေးတောင်းဆို
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံလုပ် Jeep ကားများ ရောင်းချသည့် တရုတ်အရောင်းကိုယ်စားလှယ်များသည် မော်တော်ကားထုတ်လုပ်သည့်ကုမ္ပဏီမှ တရုတ်နိုင်ငံတွင် Jeep အမှတ်တံဆိပ် ကားများ မထုတ်လုပ်တော့သည့်အတွက်ကြောင့် နစ်နာကြေး ဒေါ်လာသန်းပေါင်းများစွာ လျော်ကြေးပေးရန် Jeep ၏ မိခင်ကုမ္ပဏီ Stellantis ထံ တောင်းဆိုထားကြသည်။
Stellantis သည် တရုတ်နိုင်ငံတွင် ၎င်း၏ဗျူဟာကို မြေလှန်ပြောင်းလဲနေသည်။
၎င်း၏ ပြည်တွင်းလုပ်ငန်း Guangzhou Automobile Group (GAC) နှင့် အတူလုပ်ကိုင်သည့် Jeep ဖက်စပ်လုပ်ငန်းကို ဒေဝါလီခံရန်အတွက် အောက်တိုဘာလတွင် GAC နှင့် သဘောတူညီခဲ့သည်။
Stellantis တရုတ်ဈေးကွက်အတွက် တရုတ်ပြည်တွင် ထုတ်လုပ်ခြင်းအစား ပြည်ပမှ တင်သွင်းပြီး ရောင်းချရန် ဆုံးဖြတ်ထားသည်။
၎င်း၏ တစ်ဖက်သတ် ဆုံးဖြတ်ချက်အရ တရုတ်ပြည်တွင်းမှ အရောင်းကိုယ်စားလှယ်များနှင့် စီးပွားဖက်ပြုထားသည်ကို လက်တွဲ ဖြုတ်လိုက်သည်။ အရောင်းကိုယ်စားလှယ်များ လုပ်ငန်းပြုတ်ကုန်သည်။ ဝန်ထမ်းများကို အလုပ်ဖြုတ်ပစ်ရသည်။ သို့ဖြစ်ရာ နစ်နာကြေးရဖို့ တောင်းခံစာကို အရောင်းကိုယ်စားလှယ် ၂၆ ဦးတို့က လက်မှတ်ရေးထိုးပြီး တင်ပြကြသည်။
Stellantis က တရုတ်နိုင်ငံ တရားဉပဒေကို လိုက်နာမည်ဖြစ်ကြောင်း၊ ဒေဝါလီခံရန် တရားရုံးတွင် ဦးတိုက်လျှောက်ထားကြောင်း ပြောကြားသည်။
Lianyungang Xuncheng Auto Sales and Service Co., ဥက္ကဋ္ဌ Cao Wei သည် လက်မှတ်ထိုးပြီး စာတင်ပြရန် စီစဉ်သူများထဲတွင် ပါဝင်သည်။
နောက်ထပ် ကုန်သည်များသည်လည်း အသနားခံစာတွင် ပါဝင်လာကြမည်ဖြစ်ပြီး နောက်ဆုံးတွင် Stellantis ထံမှ စုစုပေါင်း လျော်ကြေး ယွမ် သန်း ၉၀၀ (ကန်ဒေါ်လာ သန်း ၁၃၀) ကို တောင်းခံမည်ဟု ခန့်မှန်းကြသည်။
ကနဦးရင်းနှီးမြုပ်နှံမှုများနှင့် ချုပ်ဆိုထားသောစာချုပ် သက်တမ်းမစေ့မီ ရပ်ဆိုင်းသဖြင့် ဖြတ်စာ လျော်ကြေးငွေတို့အတွက် တစ်ဦးလျှင် ယွမ် ၁၈ သန်း လျော်ကြေးတောင်းခံသည်။
ထို့အပြင် စဘော်တင်ထားသည့်ငွေများ၊ အရောင်းကုန်ကျစရိတ်များ စိုက်ထုတ်ကျခံပေးထားသည့် ငွေများအတွက် ပြန်အမ်းခိုင်းမည် ဖြစ်သည်။
တရုတ်ပြည်တွင်းဖြစ် Jeep အတွက် အရောင်းကိုယ်စားလှယ် ရယူထားသူ အနည်းဆုံး ၅၀ ဦးမက ရှိသည်ဟု Cao Wei က ပြောကြားသည်။
ဖက်စပ်လုပ်ငန်းတွင် ပါဝင်သော GAC က ၅၀% ကို ပေးလျော်ရန် သဘောတူထားပြီး ဖြစ်သော်လည်း ကျန်သည့် ၅၀% ကို Stellantis က ပေးလျော်ဖို့ ငြင်းဆန်ထားသည်ဟု Cao Wei က ပြောကြားသည်။ ထို့ပြင် ၎င်းတို့ကို တရားဝင် အရောင်းကိုယ်စားလှယ် authorized dealer များအဖြစ် Stellantis က အသိအမှတ်မပြုဟု ပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U