ကားထုတ်လုပ်သူ  Stellantis နှင့် iPhone တပ်ဆင်ထုတ်လုပ်သူ Foxconn တို့ ဆတူရင်းနှီးမြှုပ်သော ဖက်စပ်လုပ်


ကားထုတ်လုပ်သူ  Stellantis နှင့် iPhone တပ်ဆင်ထုတ်လုပ်သူ Foxconn တို့ ဆတူရင်းနှီးမြှုပ်သော ဖက်စပ်လုပ်ငန်း SiliconAuto ထူထောင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကားထုတ်လုပ်သူ  Stellantis နှင့် iPhone တပ်ဆင်ထုတ်လုပ်သူ Foxconn တို့သည် ၅၀-၅၀ ဆတူ ရင်းနှီးမြှုပ်နှံကာ ဖက်စပ်လုပ်ငန်းတစ်ခုကို ထူထောင်လိုက်ကြသည်။ ၎င်းဖက်စပ်လုပ်ငန်းသည် မော်တော်ယာဉ်သုံး ဆီမီးကွန်ဒတ်တာများကို ဒီဇိုင်းထုတ်ခြင်းနှင့် ထုတ်လုပ်ရောင်းချခြင်းတို့ကို လုပ်ကိုင်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ထုတ်လုပ်မှု စတင်မည်။

အဆိုပါ ဖက်စပ်လုပ်ငန်းကို  SiliconAuto ဟု အမည်ပေးထားသည်။ ကားထုတ်လုပ်ရေးလုပ်ငန်းစု Stellantis ၏ 'STLA Brain' အမည်ရှိ အီလက်ထရွန်းနစ်နှင့် ဆော့ဖ်ဝဲလ်ဗိသုကာ အသစ်အတွက် ဆီမီးကွန်ဒတ်တာများကို ဖန်တီးထုတ်လုပ်သွားမည် ဖြစ်သည်ဟု ၎င်းကုမ္ပဏီနှစ်ခု၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 

SiliconAuto  ဖက်စပ်လုပ်ငန်း ထူထောင်ရန် သဘောတူညီချက်ကို Stellantis နှင့် Foxconn တို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ 

 Stellantis သည် ကားအမှတ်တံဆိပ် ၁၆ ခုကို လုပ်ကိုင်လျက် ရှိသည်။ ယင်းတို့ကို အက္ခရာစဉ်အရ ဖော်ပြရလျှင်  Abarth, Alfa Romeo, Chrysler, Citroën, Dodge, DS, Fiat, Fiat Professional, Jeep, Lancia, Maserati, Mopar, Opel, Peugeot, Ram, Vauxhall တို့ ဖြစ်ပါသည်။ 

SiliconAuto ကို ထူထောင်လုပ်ကိုင်သည့်အတွက်  Stellantis သည် မရမဖြစ် လိုအပ်သည့် ချစ်ပ်များကို ရရှိဖို့ သေချာနေစေမည် ဖြစ်သည်။ ထို့ပြင် ကိုယ်ပိုင်ချစ်ပ်များ ထုတ်လုပ်သဖြင့် ဆော့ဖ်ဝဲကိုလည်း စိတ်ကြိုက်ဖန်တီးနိုင်စေမည် ဖြစ်သည်။ 

Stellantis  ရုံးချုပ်ထားရှိသည့် နယ်သာလန်နိုင်ငံတွင် SiliconAuto ရုံးချုပ် ထားရှိမည်။ 

Stellantis နှင့် Foxconn  တို့သည် Mobile Drive ဖက်စပ်လုပ်ငန်းကို ထူထောင်ထားသည်။ မော်တော်ယာဉ်အတွင်း နည်းပညာများ၊ အင်တာနက်ချိတ်ဆက် နည်းပညာများ ဖွံ့ဖြိုးရေးကို လုပ်ဆောင်လျက် ရှိသည့် ဖက်စပ်လုပ်ငန်း ဖြစ်ပါသည်။ 
Source reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 383 times