တောင်ကိုးရီယား ကားလုပ်ငန်း SsangYong ကို အမည်ပြောင်းတော့မည်


တောင်ကိုးရီယား ကားလုပ်ငန်း SsangYong ကို အမည်ပြောင်းတော့မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


SsangYong ကုမ္ပဏီကို အကြီးအကျယ် ပြောင်းလဲမည့် အစီအစဥ်များအရ မကြာမီ အမည်ကိုလည်း ပြောင်းလဲတော့မည်ဖြစ်သည်။

 

တောင်ကိုရီးယား မော်တော်ယဉ်ဂျာနယ်လစ်များအသင်း South Korean Automobile Journalists Association မှ ကျင်းပသည့် အခမ်းအနားတစ်ခုတွင် SsangYong ဥက္ကဋ္ဌ Kwak Jea-sun က ကားထုတ်လုပ်ငန်းအမည်ကို
 KG Mobility ဟု များမကြာမီ ပြောင်းလဲတော့မည်ဟု ပရိသတ်ကို ပြောကြားခဲ့ကြောင်း The Korea Herald က သတင်းဖော်ပြပါသည်။

KG SsangYong Mobility ဟု အမည်ပြောင်းလဲမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ယခုအခါ KG Mobility ဟု ပြောင်းလဲမည်ဖြစ်ကြောင်း Mr Kwak က အတည်ပြုပြောကြားခဲ့ခြင်း ဖြစ်သည်။

 


Mr Kwak သည် SsangYong ၏ မိခင်ကုမ္ပဏီ အသစ် KG Group ၏ ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။
"SsangYong" အမည်သည် သက်တမ်း ၃၅ နှစ် ရှိပြီဖြစ်သည်မှာ မှန်သော်လည်း မလိုအပ်တော့ဟု Mr Kwak က ပြောကြားသည်။

"အဲဒီအမည် SsangYong Motor မှာ ကောင်းမွန်တဲ့ အမှတ်တရများနှင့်အတူ အမာခံပရိသတ် ရှိနေပေမဲ့ အဲဒီအမည်မှာ ရင်နာစရာတွေလည်း ရှိနေပါတယ်" ဟု Mr Kwak က ပြောကြားသည်။

“အခုကစပြီး  SsangYong ကားတွေအားလုံး KG ဆိုတဲ့ နာမည်နဲ့ ကမ္ဘာ့ဈေးကွက်ထဲကို ထွက်လာတော့မှာပါ။ နာမည်ပြောင်းပေမဲ့လည်း  SsangYong Motor ရဲ့သမိုင်းက ပြောင်းလဲမှာမဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ အခြေအနေတွေကလည်း အရင်အတိုင်းပါပဲ" ဟု Mr Kwak က ပြောကြားသည်။
KG Group သည် ဓာတုနှင့် သံမဏိ ကုမ္ပဏီကြီးဖြစ်သည်။ 
၂၀၂၂ ခုနှစ် နှစ်လယ်တွင် KG Group က ကိုရီးယားကားကုမ္ပဏီ SsangYong Motor ၏ ရှယ်ယာအများစုကို အိန္ဒိယကုမ္ပဏီ Mahindra ထံမှ ဝယ်ယူခဲ့သည်။ SsangYong Motor တင်ရှိနေသည့် ကြွေးမြီ ကန်ဒေါ်လာ ၂၃၃ သန်းကျော်ကိုလည်း KG Group က ပေးဆပ်ခဲ့သည်။

"ယခုအခါ၌ SsangYong သည် အရောင်းမြှင့်တင်ပြီး အမြတ်အစွန်းအမြန်ရခြင်းဖြင့် ၎င်း၏ စီမံခန့်ခွဲမှု ဆောလျင်စွာ ပုံမှန်ပြန်ဖြစ်‌စေရေးရေးကို အရှိန်မြှင့်ရန် စီစဉ်နေပြီဖြစ်သည်။" ဟု ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း SsangYong သည် အခြေအနေပျက်ပြီး က‌သောင်းကနင်း  ဖြစ်နေခဲ့သော်လည်း ယခုအခါ မော်ဒယ်အသစ်များဖြင့် ရှေ့ဆက်မောင်းနှင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
၂၀၂၃ တွင် ဩစတေးလျဈေးကွက်သို့ ၎င်း၏ Torres SUV  မော်ဒယ်အသစ်များ တင်ပို့ရောင်းချမည် ဖြစ်သည်။ 
Torres SUV မော်ဒယ်အသစ်တစ်ခုကို ၂၀၂၄ တွင် ထုတ်လုပ်မည့် အစီအစဉ်ရှိပြီး လျှပ်စစ်ကား Torres ထုတ်လုပ်မည့် အစီအစဉ်လည်း ရှိသည်။ 
အမည်သစ် KG Mobility ကို ၂၀၂၃ မတ်လတွင် ကျင်းပမည့် ရှယ်ယာရှင်များ စုံညီအစည်းအဝေးတွင် အတည်ပြုပေးမည် ဖြစ်သည်။
Source drive.com

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 3370 times