အီးဗီအတွက် လုံးဝအခဲဘက်ထရီ အ‌မြောက်အမြား ထုတ်လုပ်ရန် Toyota နှင့် Idemitsu ပူးပေါင်း


အီးဗီအတွက် လုံးဝအခဲဘက်ထရီ အ‌မြောက်အမြား ထုတ်လုပ်ရန် Toyota နှင့် Idemitsu ပူးပေါင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အခဲဘက်ထရီ Solid-state battery သုံးသည့်  အီးဗီသည် ခရီးတာ ၁,၂၀၀ ကီလိုမီတာ (၇၄၆ မိုင်) အထိ သွားနိုင်မည် ဖြစ်ပြီး အားသွင်းချိန် ၁၀ မိနစ်သာ ရှိသည်ဟု တိုယိုတာက ဆိုသည်။

သို့ဖြစ်ရာ အခဲဘက်ထရီများသည် လက်ရှိ အရည် လျှပ်လိုက်ရည် ဘက်ထရီများထက် စွမ်းအင်ပိုမို သိုလှောင်ထားနိုင်ပြီး အခဲဘက်ထရီ သုံးစွဲနိုင်ခြင်းကြောင့် အီးဗီ‌ေခတ်ဆီသို့ ကူးပြောင်းရာတွင် မြန်ဆန်စေမည်ဟု လေ့လာဆန်းစစ်သူများနှင့် အီးဗီထုတ်လုပ်သူများက မျှော်လင့်ထားကြသည်။

 သို့သော် အခဲဘက်ထရီများသည် ဈေးကြီးသည်။ နောက်ထပ် နှစ်အတန်ကြာသည်အထိ ဈေးကြီးနေဦးမည်ဟု မှန်းဆထားသည်။

တိုယိုတာနှင့် ရေနံချက်စက်ရုံလုပ်ငန်းကြီး Idemitsu Kosan တို့သည် အခဲဘက်ထရီများ all-solid-state batteries တိုးတက်ဖွံ့ဖြိုးရေးနှင့် စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်ရန် ပူးပေါင်း လုပ်ဆောင်ကြမည်ဟု ကြာသပတေးနေ့ (အောက်တိုဘာ ၁၂)တွင် ကြေညာခဲ့ကြသည်။

ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ရေနံချက်လုပ်သန့်စင်‌ရေးလုပ်ငန်းကြီး Idemitsu Kosan သည် ဘက်ထရီများတွင် အသုံးပြုသည့် အစိုင်အခဲ ဆာလဖိုဒ် လျှပ်လိုက်ခဲကို တီထွင်လျက်ရှိသည်။

Idemitsu သည် အီးဗီ ဘက်ထရီ ထောက်ပံ့ရေးကွင်းဆက်များသို့ ချဲ့ထွင်နေပြီး ယခုနှစ်အစောပိုင်းတွင် ဩစတြေးလျမှ လီသီယမ် ထုတ်လုပ်သူ Delta Lithium တွင် ရှယ်ယာ ပိုင်ဆိုင်မှုကို ၁၅%သို့ တိုးမြှင့်ခဲ့သည်။

Toyota နှင့် Idemitsu တို့သည် နောက်မျိုးဆက် ဘက်ထရီများကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်ကြမည်။ ထို့နောက် အမြောက်အမြား ထုတ်လုပ်ကြမည်။ 


Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 3242 times