Brand New ကားအရောင်းပြခန်း ၁၉ ခုမှ ကားအစီးရေ ၇,၀၀၀ ကျော် ရောင်းချထား


 ယခုနှစ် ၁၁ လတာအတွင်း Brand New ကားအရောင်းပြခန်း ၁၉ ခုမှ ကားအစီးရေ ခုနစ်ထောင်ကျော် ရောင်းချထားကြောင်း Authorized Automobile Distributor Association (AADA) မှ သိရပါသည်။

ကားအရောင်းပြခန်းများမှ ရောင်းချခဲ့သော ကားများထဲတွင် Suzuki နှင့် Toyota တို့မှ ကားအစီးရေ အများဆုံးဖြစ်ပြီး AADA မှ ထုတ်ပြန်သည့် စာရင်းများအရ BMW ကားအရောင်းပြခန်းမှ အစီးခြောက်ဆယ်၊

Chevrolet ကားအရောင်းပြခန်းမှ ၂၃၄စီး၊ Dong Feng ကားအရောင်းပြခန်းမှ ၅၅ စီး၊ Ford ကားအရောင်းပြခန်းမှ ၈၃၉ စီး၊ Fuso ကားအရောင်းပြခန်းမှ ၉၀ စီး၊ GAC ကားအရောင်းပြခန်းမှ ၂၈ စီး၊ Higer

ကားအရောင်းပြခန်းမှ ၂၅ စီး၊ Hino ကားအရောင်းပြခန်းမှ ၃၁ စီး၊ Hyundai ကားအရောင်းပြခန်းမှ ၅၈ စီး၊ Jaguar ကားအရောင်းပြခန်းမှ ၁၅ စီး၊ Land Rover ကားအရောင်းပြခန်းမှ ၂၇ စီး၊ Mazda

ကားအရောင်းပြခန်းမှ ၃၁၇ စီး၊ Mercedes ကားအရောင်းပြခန်းမှ ၄၅ စီး၊ Mitsubishi ကားအရောင်းပြခန်းမှ ၁၃၄ စီး၊ Nissan ကားအရောင်းပြခန်းမှ ၄၉၅ စီး၊ Scania ကားအရောင်းပြခန်းမှ ၈၈ စီး၊

Suzuki ကားအရောင်းပြခန်းမှ ၃၀၉၄ စီး၊ Toyota ကားအရောင်းပြခန်းမှ ၁၆၂၀ စီးနှင့် Volvo ကားအရောင်းပြခန်းမှ ၃၉ စီးတို့ ရောင်းချခဲ့ကြောင်း သိရပါသည်။

AADA အသင်းကို ကားအရောင်းပြခန်း ၂၂ ခု၊ Brand New လူစီးယာဉ်နှင့် လုပ်ငန်းသုံးယာဉ်မျာ ရောင်းချနေသည့် ကုမ္ပဏီ ၂၇ ခုတို့ဖြင့် ဖွဲ့စည်းထားပြီး BMW၊ Chevrolet၊ DFM၊ Ford၊ Fuso၊ GAC၊

Higer၊ Hino၊ Hyundai (Truck & Bus)၊ Jaguar၊ Land Rover၊ Mazda၊ Mercedes- Benz၊ Mitsubishi၊ Nissan၊ Scania၊ Suzuki၊ Ta Ta၊ Toyota၊ Volkswagen နှင့် Volvo စသည့် Brand များပါဝင်ကြောင်း

သိရပါသည်။

 

Read 723 times