ဆိုလာ အီးဗီအားသွင်းရုံများ စင်ကာပူတွင် ရေနံလုပ်ငန်းကြီး Shell စတင်သုံးစွဲ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
စင်ကာပူတွင် ရေနံလုပ်ငန်းကြီး Shell က ဆိုလာ အီးဗီအားသွင်းရုံ ၃ ခု ထူထောင်လိုက်ပါတယ်။
Shell ရဲ့ အားသွင်းပွိုင့်တွေက 180 kilowatts (kW) အထိ အားသွင်းပေးနိုင်ပြီး စင်ကာပူရှိ အများသုံး အားသွင်းရုံများတွင် အားသွင်းနှုန်း အမြန်ဆုံး ဖြစ်ပါတယ်။ အခြား အားသွင်းရုံ အများစုတွင် 50kW အားသွင်းစက်များ အသုံးပြုကြတာကြောင့် Shell အားသွင်းရုံတွေက ၃ ဆ ပိုမြန်ပါတယ်။
Hyundai Ioniq 5 ကို ဘက်ထရီ ၅၀% အားဖြည့်ဖို့ ၁၅ မိနစ်ဝန်းကျင် ကြာမြင့်ပါတယ်။
အားသွင်းတဲ့ ကြာမြင့်ချိန်က အီးဗီအပေါ်မှာလည်း မူတည်ပါတယ်။ ဥပမာအားဖြင့် BYD Atto 3 ဆိုရင် 80kW အထိသာ လက်ခံနိုင်ပါတယ်။
အမိုးပေါ်မှာ တပ်ဆင်ထားတဲ့ ဆိုလာပြားများမှ ရယူတဲ့စွမ်းအင်ဖြင့် အားသွင်းပေးတာ ဖြစ်ပါတယ်။
ဆိုလာပြားများမှ ရရှိတဲ့ စွမ်းအင်များကို သိမ်းဆည်းထားဖို့ လစ်သီယမ်-အိုင်းယွန်းဘက်ထရီများကို အသူံပြုပါတယ်။ ၎င်း ဘက်ထရီများထံမှ စွမ်းအင်ကို ရယူပြီး အီးဗီကို အားသွင်းပေးပါတယ်။
အားသွင်းရုံ နှစ်ခုမှာ 178 kilowatt-hour (kWh) ဘက်ထရီကို အသုံးပြုထားပြီး ကျန်တစ်ခုမှာ 389kWh ဘက်ထရီကို အသုံးပြုထားပါတယ်။
Sources straitstimes
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL