ဟွာဝေးနှင့်အတူ ကားထုတ်လုပ်သည့် Seres ကားတစီး ပျမ်းမျှ ဒေါ်လာ ၂,၀၀၀ ကျော် အရှုံးပြ


ဟွာဝေးနှင့်အတူ ကားထုတ်လုပ်သည့် Seres ကားတစီး ပျမ်းမျှ ဒေါ်လာ ၂,၀၀၀ ကျော် အရှုံးပြ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Huawei နှင့်အတူ ကားထုတ်လုပ်သည့် ပါတနာ Seresသည် ယခုနှစ် ပထမ ကိုးလအတွင်း ရောင်းချခဲ့သည့် ကားတစီးတိုင်းတွင် ပျမ်းမျှ  ၂,၂၉၆ ကန်ဒေါ်လာ ဆုံးရှုံးခဲ့သည်။


တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး Huawei Technologies ၏ ကားထုတ်လုပ်ရေး လုပ်ဖော်ကိုင်ဖက်ဖြစ်သော Seres Group မှ ရောင်းချသည့် စီးရေနှင့်  ရရှိသည့် ၀င်ငွေကိန်းဂဏန်းများအပေါ် အခြေခံ၍ တွက်ချက်ပါက ယခုနှစ် ၉ လတွင် ရောင်းချသည့် ယာဉ်တစ်စီးတိုင်းအတွက် ပျမ်းမျှ ယွမ် ၁၆,၈၀၀ (USD2,296) ဆုံးရှုံးခဲ့သည်။


၎င်း ၉ လတွင် Seres အသားတင် အရှုံးပမာဏမှာ ယွမ် ၂.၃ ဘီလီယံ (ကန်ဒေါ်လာ ၃၁၄.၃ သန်း) ရှိခဲ့သည်ဟု ချုံကင်းမြို့ အခြေစိုက် Seres မှ အောက်တိုဘာလ ၂၇ ရက်တွင် ထုတ်ပြန်သည့် ဘဏ္ဍာရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။ 


၎င်း ၉ လတာအတွင်း ကား ၁၃၆,၇၈၆ စီး ရောင်းချခဲ့သည်။ 
သို့ဖြစ်ရာ ပျမ်းမျှအားဖြင့် ကားတစီးလျှင် ယွမ် ၁၆,၈၀၀ ရှုံးခဲ့သည်။
Seres အဖို့ စရိတ်ထောင်းသည့် ကဏ္ဍမှာ သုတေသနနှင့် ဖွံ့ဖြိုးရေး ဖြစ်ပြီး ယွမ် ၁.၁ ဘီလီယံ သုံးစွဲခဲ့သည်။


 Seres နှင့် Huawei တို့ ပူးပေါင်း၍ လျှပ်စစ်ကားအမှတ်တံဆိပ် Aito ကို လုပ်ကိုင်ကြသည်။ 
 ပြုပြင်မွမ်းမံထားသော Aito M7 ကို စက်တင်ဘာလ ၁၂ ရက်တွင် စတင်ရောင်းချခဲ့ရာ အရောင်းဝင်ငွေ တိုးမည် ဖြစ်သည်။ ပထမ တစ်လအတွင်း အမှာစာ အစီးရေ ၆ သောင်းကျော် ရရှိထားသည်။
Aito M9 SUV ကို ဒီဇင်ဘာလတွင် စတင်ရောင်းချမည် ဖြစ်သည်။


အရှုံးပြကြောင်း ဘဏ္ဍာရေး အစီရင်ခံစာ ထုတ်ပြန်ထားသော်လည်း ရှယ်ယာ ဈေးမကျသည့်အပြင် ဈေး ၅.၈% ခုန်တက်သွားခဲ့သည်။ အများစုက Aito မော်ဒယ်များ အလုပ်ဖြစ်မည်ဟု စိတ်ချထားကြသည်။
Source Yicai Global
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2007 times