ဘက်ထရီအစားသက်သာတဲ့ sensor များ Sony ထုတ်လုပ်မည်


ဘက်ထရီအစားသက်သာတဲ့ sensor များ Sony ထုတ်လုပ်မည်


ပင်ကိုမောင်းနှင်စနစ်များ autonomous systems   မှာ ပါဝင်တဲ့ အာရုံခံ sensor တွေက ဘက်ထရီ ပါဝါ စားတဲ့အတွက် သွားနိုင်မယ့် ခရီးတာ သိသိသာသာ လျော့ကျပါတယ်။ Sony Group က လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၇၀% ပိုနည်းပါးသော ပင်ကိုမောင်းနှင် အာရုံခံကိရိယာအသစ်ကို တီထွင်ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ Sony Semiconductor Solutions မှ ထုတ်လုပ်မယ့် အာရုံခံတွေကို Sompo Holdings က ကျောထောက်နောက်ခံ ပေးထားတဲ့ လုပ်ငန်းငယ်အသစ် Tier IV မှ ဖွံ့ဖြိုးထုတ်လုပ်တဲ့ ဆော့ဖ်ဝ‌ဲလ် အသစ်နှင့် တွဲဘက် သုံးစွဲရမှာ ဖြစ်ပါတယ်။ 

 

ယာဉ်မောင်း လုံးဝ မလိုအပ်တဲ့ အဆင့် Level ဖြစ်တဲ့ "ပင်ကိုင်မောင်းနှင်စွမ်းရည် အဆင့် ၄"ဖြင့် မောင်းနှင်နေစဉ် စနစ်မှ ပါဝါသုံးစွဲမှု ၇၀% လျော့နည်းစေဖို့ ရည်မှန်းချက် ထားရှိပါတယ်။ ပင်ကိုမောင်းနှင်စနစ်မှာ တပ်ဆင်ထားတဲ့ အာရုံခံများ၊ ကင်မရာများက အချိန်နဲ့အမျှ အချက်အလက်များ အ‌မြောက်အမြား ပေးပို့ပေးနေရတာမှာ ဘက်ထရီ ပါဝါ စားပါတယ်။ ကား သွားနိုင်မယ့်ခရီးတာ လျော့ကျစေပါတယ်။

လေအေးစက်အပါအဝင် အခြားအင်္ဂါရပ်များကလည်း ပါဝါယူသုံးကြပါတယ်။ သွားနိုင်မယ့် ခရီးတာကို ၃၅% ဝန်းကျင် လျော့နည်းစေပါတယ်။ 

 

Sony Semiconductor Solutions မှ ပြုလုပ်သော အာရုံခံ Sensor ကိရိယာများ

 

Sony Group က ပုံရိပ်အာရုံခံ image sensors ကမ္ဘာ့ဈေးကွက်ဝေစု ထက်ဝက်နီးပါး ရရှိထားပါတယ်။ မော်တော်ယာဉ်ကဏ္ဍ အာရုံခံကိရိယာများ ဈေးကွက်ထဲကို ၂၀၁၄ မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။  ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ အဓိကကျတဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းများရဲ့ ၇၅% ကို ဈေးကွက်ဝေစု ရဖို့ မျှော်မှန်းထားပါတယ်။ 

 

Tier IV ရဲ့ ပင်ကိုမောင်းနှင် ဆော့ဖ်ဝဲက open-source ဖြစ်တာ‌‌ကြောင့် Yamaha Motor ကလည်း သုံးစွဲပါတယ်။ အီးဗီကား ထုတ်တဲ့ဘက် ရောက်ရှိလာတဲ့ iPhone တပ်ဆင်ထုတ်လုပ်ရေး လုပ်ငန်း Foxconn (Hon Hai Precision Industry) ကလည်း သုံးစွဲပါတယ်။


Source Asia.nikke

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 489 times