တစ်ခါအားသွင်းရုံနဲ့ မိုင် (၅၀၀) မောင်းနိုင်တဲ့ Semi ElectricTruck တွေ တိုးချဲ့ထုတ်လုပ်မယ့် Tesla


Tesla ကားကုမ္ပဏီဟာ အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်မှာရှိတဲ့ စက်ရုံကို ဒေါ်လာ (၃.၆) ဘီလီယံ အသုံးပြုကာ တိုးချဲ့သွားမှာဖြစ်တယ်လို့  ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၄) ရက်နေ့ (အင်္ဂါနေ့) က ပြောပါတယ်။

အဲ့ဒီ တိုးချဲ့သွားမယ့် အထဲမှာ စက်ရုံ (၂) ရုံ ပါဝင်ပြီး တစ်ရုံကို Semi-Electric-Truck ကားတွေ အလုံးအရင်းနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် တည်ဆောက်မှာ ဖြစ်ကာ နောက်စက်ရုံတစ်ရုံကိုတော့ ၄,၆၈၀ ဘက်ထရီဆဲလ် အသစ်တွေ ထုတ်လုပ်ဖို့ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသစ်ဆောက်မယ့် ဘက်ထရီစက်ရုံဟာ ၄,၆၈၀ ဆဲလ်နဲ့ လုပ်ထားတဲ့ ဘက်ထရီတွေအပါအဝင် တခြား ပေါ့ပါးတဲ့ လုပ်ငန်းသုံးယာဥ်ပေါင်း (၂) သန်းအတွက် ဘက်ထရီများ နှစ်စဥ် ထုတ်လုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။

Semi

ဒီ ၄,၆၈၀ ဆဲလ်ဘက်ထရီက Tesla ရဲ့ ဘက်ထရီ ထုတ်လုပ်ရေးအတွက် သုံးတဲ့ ငွေတစ်ဝက်နီးပါးကို လျော့ချနိုင်ပြီး ၂၀၃၀ ခုနှစ်မှာ ဘက်ထရီထုတ်လုပ်မှုကို အဆတစ်ရာ ပိုမို  တိုးတက်လာစေနိုင်တယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်ယာဥ်ထုတ်လုပ်တဲ့ စက်ရုံတွေ စုပေါင်းပြီး တည်ရှိနေတဲ့ ရီနိုမြို့ အရှေ့ဘက်ပိုင်းက စက်ရုံကိုလည်း တိုးချဲ့ပြီး  အလုပ်သမားပေါင်း (၃,၀၀၀) လောက်အထိ ခန့်သွားဖို့ စီစဥ်နေကြောင်းလည်း သိရပါတယ်။

အဲ့ဒီစက်ရုံမှာ Tesla ဟာ ဂျပန်က Panasonic ကုမ္ပဏီနဲ့ ဘက်ထရီထုတ်လုပ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နေပြီး ကားအတွက် လိုအပ်တဲ့ အပိုပစ္စည်းတွေနဲ့ Power Backup စနစ်အတွက် လုပ်ဆောင်နေတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ Panasonic ဟာ ဘက်ထရီဆဲလ်များကို ထုတ်လုပ်ပေးနေပြီး Tesla က အဲ့ဒီဆဲလ်တွေကို ထည့်သွင်းကာ ဘက်ထရီအဖြစ် တပ်ဆင်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Tesla ဟာ  Fremont၊ California၊ Austin နဲ့ Texas တို့မှာရှိတဲ့ စက်ရုံတွေမှာ ၄,၆၈၀ ဆဲလ်ဘက်ထရီ ထုတ်လုပ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

Factory Tesla

Tesla manufacturing gIgafactory in Nevada

အဲ့ဒီ ဘက်ထရီတွေမှာပါတဲ့ ဆဲလ်တွေကို ထုတ်လုပ်မယ့် Dry Coating နည်းလမ်းဟာ မစမ်းသပ်ရသေးတဲ့ နည်းလမ်းအသစ်တစ်ခု ဖြစ်ပြီး ကုမ္ပဏီက ကုန်ကျစရိတ် ကာမိအောင် ထုတ်လုပ်ရေးကို တိုးချဲ့ဖို့အတွက် ပြင်ဆင်တဲ့နေရာမှာ ပြဿနာအနည်းငယ် ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။

Tesla ဟာ  ၂၀၁၉ ခုနှစ်မှာကတည်းက ထုတ်လုပ် မိတ်ဆက်ပေးရမယ့် သူ့ရဲ့ Semi-Electric-Truck တွေကို အခုမှ  အလုံးအရင်းထုတ်လုပ်ဖို့ စတင် စီစဥ်နေပြီး ဒီဇင်ဘာလတုန်းကလည်း Tesla က သူ့ရဲ့ ပထမဆုံး Semi-Electric-Truck ကို Pepsi ကုမ္ပဏီကို ပေးပို့ခဲ့ပြီး အမြောက်အမြား ထုတ်လုပ်ခဲ့ပုံ မပေါ်ပါဘူး။

Tesla ရဲ့ Semi-Electric-Truck ကို Pepsi အပြင် တစ်ခြားကုမ္ပဏီတွေဖြစ်တဲ့ Brewer Anheuser-Busch၊ United Parcel Service နဲ့ Walmart တို့လည်း မှာယူထားတယ်လို့ သိရှိရပါတယ်။

Semi Truck

ဒီ Semi-Electric-Truck ဟာ ဘီး ၁၈ ဘီးနဲ့ နောက်တွဲယာဥ်အမျိုးအစားဖြစ်ပြီး တစ်ခါအားသွင်းထားရုံနဲ့ မိုင် (၅၀၀) အထိ မောင်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းတွေကိုလည်း (၃၇) တန်အထိ တင်ဆောင်ပြီး မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေအရ တရားဝင်လုပ်ငန်းသုံးကားတွေအတွက် ပေးဆောင်ရတဲ့ အခွန်ငွေဟာ ဒေါ်လာ (၄၀,၀၀၀) တန်တဲ့ Tesla ရဲ့ Semi-Truck အတွက် ပေးရတာ တန်တယ်လို့ သတ်မှတ်ရလောက်တဲ့အထိ အရည်အချင်း ပြည့်မီတယ်လို့လည်း ဆိုပါတယ်။

Tesla ရဲ့ ဥက္ကဌဖြစ်သူ Robyn Denholm က လွန်ခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ “ Tesla ဟာ ၂၀၂၂ ခုနှစ်မှာ Semi-Truck အစီး (၁၀၀) ထုတ်နိုင်မယ် မှန်းထားပေမယ့် ကုမ္ပဏီစာရင်းများအရ အဲ့ဒီနှစ်ရဲ့ နောက်ဆုံးသုံးလအတွင်းမှာ ထုတ်လုပ်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

SBP

Ads

Click Here >>> Shwe Byain Phyu

၂၀၂၄ ခုနှစ်မှာ Elon Musk ဟာ Semi-Truck (၅၀,၀၀၀) ကျော် ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားကြောင်းကို အောက်တိုဘာလတုန်းက ပြုလုပ်တဲ့ စာရင်းရှင်းတမ်းမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Tesla ရဲ့ အင်္ဂါနေ့က ကြေညာချက်ဟာ Joe Biden သမ္မတဖြစ်တဲ့ အချိန်ကစပြီး သန့်ရှင်းတဲ့ စွမ်းအင်နဲ့ လျှပ်ကူးပစ္စည်းထုတ်လုပ်တဲ့ ကဏ္ဍအတွက် ဒေါ်လာ (၃၀၀) ဘီလီယံ ကျော်တဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ ထဲမှာ နောက်ဆုံးတစ်ခုဖြစ်တယ်လို့  President Joe Biden  ရဲ့ စီနီယာအကြံပေးဖြစ်တဲ့ Mitch Landrieu က ပြောပါတယ်။

Source - Reuters News

Read 3018 times