နောက်နှစ် ၂၀၂၄ တွင်  Sea Lion 05 နှင့်  06 လာမည်ဟု BYD တရားဝင် ပြောကြား


နောက်နှစ် ၂၀၂၄ တွင်  Sea Lion 05 နှင့်  06 လာမည်ဟု BYD တရားဝင် ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ကွမ်ကျိုး ကားပြပွဲကြီးတွင် BYD Sea Lion 07 ကို ပွဲထုတ်ပြသထားပါသည်။


BYD ၏ Ocean စီးရီးအတွက် တာဝန်ခံ အထွေထွေမန်နေဂျာ Zhang Zhuo က Sea Lion သည် SUV များ ထုတ်လုပ်မည့် ထုတ်ကုန်လိုင်းအသစ် ဖြစ်လာမည်ဖြစ်ကြောင်း အတည်ပြု‌ ပြောကြားသည်။ 


ပြီးခဲ့သည့်အပတ်က Guangzhou Auto Show တွင် ပွဲဦးထွက် ပြသခဲ့သည့် Sea Lion 07 သည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဈေးကွက်ထဲသို့ ရောက်ရှိလာမည် ဖြစ်သည်။ နောက်ထပ် SUV မော်ဒယ် ၂ ခု ဖြစ်သည့် Sea Lion 05 နှင့် Sea Lion 06 တို့သည်လည်း ရောက်ရှိလာကြမည် ဖြစ်သည်။

 

BYD Sea Lion 07. Credit: BYD


BYD Seal ကိုလည်း ထုတ်ကုန်လိုင်း အသစ်တခုအဖြစ် ထုတ်လုပ်သွားမည်ဟု Zhuo က ပြောကြားသည်။ Ocean စီးရီးများထဲမှာ ပါဝင်ပြီး ဆီဒင်  မော်ဒယ်များ ထုတ်လုပ်မည်ဟု ဆိုသည်။ သို့သော် ဗွေဖောက်နေသည့် မော်ဒယ်မှာ ဥရောပအတွက် ထုတ်လုပ်သည့် Seal U သည် ဆီဒင် မဟုတ်ဘဲ SUV ဖြစ်နေသည်။ 

Zhuo က တရုတ်နိုင်ငံ၏ ဈေးချရောင်းပြီး ယှဉ်ပြိုင်သည့် အီးဗီဈေးနှုန်းစစ်ပွဲသည် ၂၀၂၄ ခုနှစ်အထိ ဆက်လက်ရှိနေဦးမည်ဟု ပြောကြားခဲ့သည်။ လျှော့ဈေး ချရောင်းခြင်းများ ရှိနေမည်ဟု ဆိုသည်။
“၂၀၂၃ ဟာ လောင်စာဆီကားနဲ့ လျှပ်စစ်ကားတွေကြားက ဈေးနှုန်းစစ်ပွဲပါ။၂၀၂၄ ခုနှစ်မှာတော့ 
 လျှပ်စစ်ကားများအကြား စျေးနှုန်းစစ်ပွဲ ဖြစ်လာပါမယ်။ ၂၀၂၄ မှာ ၂၀၂၃ ထက် ပိုပြင်းထန်နိုင်ပါတယ်။ သူပြုတ်ကိုယ်ပြုတ် တိုက်တဲ့အထိ ဖြစ်လာနိုင်တယ်"ဟု Zhuo က ကြိုတင်ခန့်မှန်းသည်။

 

 

Sea Lion 05 နှင့် Sea Lion 06 တို့အကြောင်း အချက်အလက်များ အသိပေး ပြောကြားခြင်း မပြုဘဲ  Sea Lion 07 ကိုသာ မိတ်ဆက်ခဲ့သည်။

Sea Lion 07 ဘက်ထရီသုံး BEV ထုတ်လုပ်မည်။ ပလပ်ထိုး အားသွင်းဘက်ထရီ+ အင်ဂျင် ဟိုက်ဘရစ် PHEV လည်း ထုတ်လုပ်မည်။ 
ဈေးနှုန်းမှာ ယွမ် ၂၀၀,၀၀-၂၆၀,၀၀၀ (27,600 – 35,900 USD) ဖြစ်ပါသည်။

BYD Sea Lion 07 ကို Lamborghini တွင် လုပ်ကိုင်ခဲ့ဖူးသူ BYD ဒီဇိုင်းချုပ်  Wolfgang Egger က ဒီဇိုင်း ထုတ်ပေးထားသည်။

BYD ၏ သမုဒ္ဒရာ Ocean စီးရီးတွင်
• Seal
• Seal Lion
• Seagull
• Dolphin
တို့ ပါဝင်ပါသည်။


 Source carnewschina
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2479 times