ဗီယက်နမ် အကြီးဆုံး မော်တော်ကား ဖြန့်ဖြူးရေးလုပ်ငန်း Savico ရောင်းအားကျဆင်း


ဗီယက်နမ် အကြီးဆုံး မော်တော်ကား ဖြန့်ဖြူးရေးလုပ်ငန်း Savico ရောင်းအားကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး မော်တော်ယာဥ်ဖြန့်ဖြူးသူ Saigon General Service Corporation - Savico သည် လှိုင်းလေထန်သည့်နှစ် ဖြစ်မည့်  ၂၀၂၃ ခုနှစ်တွင် အမြတ်ငွေ ဗီယက်နမ်ဒေါင် ၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆.၃၃ သန်း) ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

ဗီယက်နမ် မော်တော်ယာဥ်ဈေးကွက်သည် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်ကတည်းက ကားချေးငွေအတွက် ဘဏ်အတိုးနှုန်း မြင့်မားခြင်းနှင့် အကြွေး မရရှိခြင်းတို့ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု Savico က ပြောကြားသည်။
ရလဒ်အဖြစ် စီးပွားရေးလုပ်ငန်းများနှင့် ကားဝယ်မည့်သူ တစ်ဦးချင်းစီက ဝယ်ယူမှုအစီအစဉ်များကို ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းထားခြင်းများ ပြုလုပ်ခဲ့ကြသည်။

၂၀၂၂ စက်တင်ဘာလမှစ၍ ပုံမှန်ဝယ်လိုအား ၆၀~၇၀%  ကျဆင်းသွားသည်။ ထိုအခါ ရောင်းလိုအား ပိုလျှံလာပြီး မရောင်းရသည့် လက်ကျန်ကားစီးရေ များပြားနေသည်ဟု Savico က ပြောကြားသည်။

"ဈေးကွက်မှာ ဝယ်လိုအားနှင့် ရောင်းလိုအား ပြန်ချိန်ညှိရန် ၃ လ မှ ၆ လ အထိ အချိန်လိုအပ်မည်။ အာမခံချေးငွေ စာချုပ်များ၊ အိမ်ရာတိုက်ခန်းကဏ္ဍတို့ ယခုအခါ အခက်ကြုံနေကြသဖြင့် လူအများတို့သည် ယခင်ကလို ကားဝယ်ဖို့ စိတ်အားထက်သန်မှု မရှိကြတော့ချေ" ဟု Savico က အစီရင်ခံစာတွင် ရေးသားထားသည်။

ပြိုင်ဆိုင်မှုသည် ယခင်ကထက် ပိုမိုပြင်းထန်လာမည်ဖြစ်သဖြင့် Savico သည် အခွန်မဆောင်မီ အမြတ်ငွေ ဒေါင် ၅၃၈ ဘီလီယံအထိသာ မျှော်လင့်ထားသည်။ ယမန်နှစ်ထက် ဒေါင် ၁၅၀ ဘီလီယံ လျော့နည်းလိမ့်မည်ဟု ပြောကြားသည်။
Savicoသည် Toyota၊ Honda၊ Ford၊ Mitsubishi နှင့် Volvo ကားများကို ဗီယက်နမ်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချသည်။ ဖြန့်ဖြူးသည့် ကွန်ရက်ကို ချဲ့ထွင်မည့် အစီအစဉ် ရှိပြီး brand အသစ်များလည်း ရောင်းချမည် ဖြစ်သည်။

Covid-19 ကြောင့် နှစ်နှစ်ကြာ ဝယ်လိုအားကျဆင်းသွားပြီးနောက် ယမန်နှစ် ၂၀၂၂ တွင် ဝယ်လိုအား ပြန်လည်ကောင်းမွန်လာသည့်အတွက်  ကားလုပ်ငန်းကဏ္ဍသည် စံချိန်တင်အမြတ်အစွန်း ရရှိခဲ့သည်။
Hang Xanh Motors Service Joint Stock Company သည် အဓိက Mercedes-Benz ကားအရောင်းကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၂ ပထမ ၉ လ တွင် အခွန်မဆောင်ခင် အမြတ် ဒေါင် ၂၄၀ ဘီလီယံ (ကန်ဒေါ်လာ ၁၀ သန်း) ရရှိခဲ့ပြီး တစ်နှစ်တာ လျာထားချက်ကို ၉ လဖြင့် ကျော်လွန်သွားခဲ့ပါသည်။

၂၀၂၂ တွင် အခြေအနေ ကောင်းခဲ့ပြီး ၂၀၂၃ တွင် ယုတ်လျော့နေသည်။

နှစ်သစ်ကူး အားလပ်ရက်မှာ ဝယ်လိုအား ကျဆင်းသွားခြင်းကြောင့် ၂၀၂၃ ဇန်နဝါရီလတွင် မော်တော်ယာဥ်ရောင်းအားသည် ၂၀၂၂ ဒီဇင်ဘာလထက် ၅၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါသည်။

ဗီယက်နမ် မော်တော်ယာဉ် ထုတ်လုပ်သူများ အသင်း Vietnam Automobile Manufacturers Association (VAMA) နှင့် ဗီယက်နမ် စက်ပိုင်းဆိုင်ရာလုပ်ငန်းအသင်း Vietnam Association of Mechanical Industry (VAMI) တို့က မော်တော်ယဉ်များ သုံးစွဲမှုအထူးအခွန်ကို ယခုနှစ်တွင် ဆိုင်းငံ့ထားရန် အစိုးရထံ အဆိုပြုကြသည်။

မှတ်ပုံတင်ကြေးကိုလည်း ထက်ဝက် လျှော့ချပေးရန် တောင်းဆိုထားသည်။ မှတ်ပုံတင်ကြေးများကို နေရာဒေသတစ်ခုစီရှိ ကားစျေးနှုန်းများအလိုက် တွက်ချက်ပါသည်။ နှုန်းထားများမှာ ဟံနွိုင်တွင်  ၁၂% နှင့် ဟိုချီမင်းစီးတီးတွင် ၁၀% ဖြစ်သည်။


VAMA  TC Group နှင့် VinFast  လအလိုက် အိမ်စီးကား ရောင်းအား


တင်းကျပ်သော ချေးငွေမူဝါဒနှင့် ချေးငွေ ဘဏ်အတိုးနှုန်းတို့ကြောင့် ကားများ အရောင်းနှေးသွားကြောင်း VAMA မှ ပြောကြားသည်။ ၎င်း၏အဖွဲ့ဝင်အများစုထံတွင် မရောင်းရသေးသည့် လက်ကျန်ကားများ များပြားနေသည်ဟု VAMA က ဆိုသည်။
VAMA မှ ထုတ်ပြန်ချက်အရ ဇန်နဝါရီလတွင် ယခင်နှစ်ထက် ရောင်းအား ၄၅% ကျဆင်းသည်။  Hyundai ကားများ တပ်ဆင်ထုတ်လုပ်သည့်  TC Group ၏ ရောင်းအားသည် ၅၂% ကျဆင်းသည်။ 
လျှပ်စစ်ကား ထုတ်လုပ်သည့် VinFast ရောင်းအား ၈၃% ကျဆင်းသည်။

ကားထုတ်လုပ်သူများသည် ပြည်တွင်း၌ တပ်ဆင်ထားသော ကားများ၏ ရောင်းအားကို မြှင့်တင်ရန် လျှော့စျေးများ ပေးနေကြသော်လည်း စျေးကွက်ပြန်လည်ကောင်းမွန်လာစေရန် မူဝါဒများမှ မြှင့်တင်ရန် လိုအပ်နေသေးသည်ဟု VAMI က ပြောကြားသည်။

၂၀၂၁ နှင့် ၂၀၂၂ တွင် ဗီယက်နမ်သည် ဝယ်လိုအားကျဆင်းနေချိန်တွင် ရောင်းအားမြှင့်တင်ရန်အတွက် ကားမှတ်ပုံတင်ခကို ထက်ဝက်လျှော့ချခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် အခကြေးငွေ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

ဗီယက်နမ်၏ မော်တော်ယာဥ်လုပ်ငန်းကဏ္ဍသည် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် ရောင်းအား ၁၇.၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု TC Motor မှ ခန့်မှန်းထားသည်။ ရောင်းအား ကားစီးရေ ၈၅,၅၀၀ လျော့ကျမည် ဖြစ်သည်။

ဤသို့ဤနှယ် အခြေအနေ မကောင်းသော်လည်း ဗီယက်နမ် ကားထုတ်လုပ်သူ Thaco Group က ယခုနှစ်တွင် စီးရေ ၁၂၀,၀၀၀ ရောင်းချရန် ရည်မှန်းထားသည်။ ယမန်နှစ်ထက် စီးရေ ၇.၇% ပိုများသည်။ 
Source vnexpress 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 392 times