တရုတ်စျေးကွက်တွင် ကားထုတ်လုပ်သူ  ၃ မျိုးသာ ရှင်သန်နိုင်မည်ဟု SAIC Volkswagen အမှုဆောင်အရာရှိ ပြောကြာ


တရုတ်စျေးကွက်တွင် ကားထုတ်လုပ်သူ  ၃ မျိုးသာ ရှင်သန်နိုင်မည်ဟု SAIC Volkswagen အမှုဆောင်အရာရှိ ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ယှဉ်ပြိုင်မှုများ ပြင်းထန်နေသည့် တရုတ်ကားစျေးကွက်တွင် ကားထုတ်လုပ်သူ အမျိုးအစားသုံးမျိုးသာ ရှင်သန်နိုင်မည်ဟု SAIC Volkswagen အမှုဆောင်အရာရှိက ပြောကြားသည်။


 နောင်အနာဂတ်တွင် 
• ကမ္ဘာ့ ပင်မရေစီးကြောင်း မော်တော်ယာဥ်အမှတ်တံဆိပ်များ
• စွမ်းအင်သစ် မော်တော်ယာဉ် ထုတ်လုပ်မှုတွင် Tesla ကဲ့သို့သော ကမ္ဘာ့ ဦးဆောင် မော်တော်ယာဥ်အမှတ်တံဆိပ်များ
• စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် လုက်ဆောင်ပေးလျက်ရှိသည့် တရုတ်ပြည်တွင်း မော်တော်ယာဥ်အမှတ်တံဆိပ်များ
တို့သာလျှင် ဆက်လက် ရပ်တည်နိုင်ကြလိမ့်မည်ဟု SAIC Volkswagen Automotive မှ အကြီးတန်းအမှုဆောင် Yu Jingmin က ပြောကြားသည်။

SAIC Volkswagen Automotive သည် တရုတ်ကားထုတ်လုပ်သူ  နိုင်ငံပိုင်လုပ်ငန်း SAIC Motor နှင့် ဂျာမနီနိုင်ငံ Volkswagen တို့၏ ဖက်စပ်လုပ်ငန်း ဖြစ်ပါသည်။

SAIC Volkswagen သည် ၎င်း၏ အရောင်းပမာဏနှင့် စျေးကွက်ဝေစုကို တည်ငြိမ်အောင် လုပ်ဆောင်ခြင်းဖြသ့် ယှဉ်ပြိုင်မှု ပြင်းထန်သော စီးပွားဝန်းကျင်ထဲ ဆက်လက်ရပ်တည်နိုင်သူ ဖြစ်နေစေမည်ဟု Yu က ပြောကြားသည်။

ဆက်လက်ရပ်တည်နိုင်သူ ဖြစ်နေစေရန် SAIC Volskwagen က ကားဝယ်စီးသူများကို အရည်အသွေးညံ့ပြီး ဈေးသက်သာသော ကားများအစား အရည်အသွေးမြင့်မားသော်လည်း စျေးမကြီးသော ဈေးနှုန်းများဖြင့်  ရောင်းချပေးမည် ဖြစ်သည်။ ထိုက်သင့်သော အမြတ်လည်း ရရှိစေမည့် ဈေးနှုန်း ဖြစ်ရမည်။ ထို့သို့ ရောင်းချပေးနိုင်ရန် အရည်အသွေးမြင့် ကားများကို ကုန်ကျစရိတ် ထိန်းချုပ်ကာ ထုတ်လုပ်ရောင်းချသွားမည်။

တရုတ်ပြည်တွင် စွမ်းအင်သစ်ကားများ ပျံ့နှံ့နေရာယူသည်မှာ ယခုနှစ်တွင် ၃၅% သို့ ရောက်ရှိမည်၊ နောက်နှစ်တွင် ၄၅% သို့ ရောက်ရှိမည်၊ ၂၀၂၅ တွင် ၅၀% နီးပါး ဖြစ်လာမည်ဟု Yu က ခန့်မှန်းထားသည်။ လျင်မြန်စွာ ပြောင်းလဲနေသော အကူးအပြောင်းတွင် စွမ်းအင်သစ်ကားများအတွက် ဈေးကွက်အသစ်တွင် ဝေစုကို ရရှိဖို့ ယှဉ်ပြိုင်မှု ပြင်းထန်နေစေသည်။

တရုတ်ကားဈေးကွက်၏ ယှဉ်ပြိုင်မှုများအရ  လျင်မြန်စွာ ပြောင်းလဲနေသော ဝန်းကျင်ကို တုံ့ပြန်ရန်နှင့် လိုက်လျောညီထွေဖြစ်ရန် လုပ်ဆောင်ရာ၌ SAIC Volkswagen ဖက်စပ်လုပ်ငန်းသည် နှေးနေသည့် ပြဿနာကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု Yu က ပြောကြားသည်။

SAIC Volkswagen ၏ စီးပွားရေးသည် လောင်စာဆီသုံး အင်ဂျင်ကားမော်ဒယ်များကို အဓိက အားထားနေဆဲ ဖြစ်သည်ဟု Yu က ပြောကြားသည်။

သို့ဖြစ်ရာ SAIC Volkswagen ၏ အနာဂတ် plug-in hybrid လျှပ်စစ်ကားများကို ပိုမိုအားထားမည် ဖြစ်ပြီး တရုတ်ဈေးကွက်အတွက် သီးသန့်ထုတ်လုပ်ထားသော ကားများ ဖြစ်လာမည်ဖြစ်သည်။ တရုတ်ပြည်ဈေးကွက်အတွက် တရုတ်ဆန်သောမော်ဒယ် ဖြစ်နေအောင် သုတေသနနှင့် ဖွံ့ဖြိုးရေးကို တရုတ်အဖွဲ့များက ၇၅% တာဝန်ယူမည် ဖြစ်သည်။

တရုတ်နိုင်ငံ စွမ်းအင်သစ်ကားများ ဈေးကွက်ထဲ အရည်အသွေးအရ ယှဉ်ပြိုင်ကြသည့်အပြင် ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့ကျစေကာ ရောင်းဈေးကို သက်သာအောင် လုပ်ဆောင်ပြီး ပြိုင်ဆိုင်ကြသည်။ ရလဒ်အဖြစ် ဈေးချပြီး ယှဉ်ပြိုင်သည့် လျှော့ဈေးနှုန်း စစ်ပွဲ ပေါ်ပေါက်လာသည်။
SAIC Volkswagen သည် ဇူလိုင်လတွင် ဈေးချပေးခြင်းဖြင့် လျှော့ဈေးနှုန်းစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည်။  Volkswagen ID.3 ကို ယွမ် ၃၇,၀၀၀(USD5,200) လျှော့ချပြီး ယွမ် ၁၂၀,၀၀၀(USD16,855) ဖြင့် ဈေးဖွင့်သည်။

ဇူလိုင်လပြီးနောက်၊ SAIC Volkswagen ၏ NEV သည် လစဉ်ပျမ်းမျှရောင်းအား အစီးရေ ၁၀,၀၀၀ ကျော်လွန်သွားခဲ့သည်။ ထို့နောက် လစဉ်ပျမ်းမျှရောင်းအား အစီးရေ ၁၅,၀၀၀ ဖြစ်လာသည်။
အောက်တိုဘာလတွင် Volkswagen ID.3s ၁၃,၀၀၀ ကျော် ကားအပ်နှံခဲ့သည်။
နောက်နှစ်တွင် Volkswagen ID. မော်ဒယ်အသစ် ထွက်မည်။ ထိုအခါ မော်ဒယ်အသစ်က ရောင်းအားကို ဆွဲတင်ပေးမည်။ လစဉ်ပျမ်းမျှရောင်းအား အစီးရေ ၂၀၀,၀၀၀ သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း Yu က ပြောကြားသည်။


Source yicaiglobal 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 3667 times