ကီလိုမီတာ ၁,၀၀၀ ကျော် သွားနိုင်ပြီး ဈေး‌ပေါသည့် အခဲဘက်ထရီ SAIC ထုတ်လုပ်မည်


ကီလိုမီတာ ၁,၀၀၀ ကျော် သွားနိုင်ပြီး ဈေး‌ပေါသည့် အခဲဘက်ထရီ SAIC ထုတ်လုပ်မည်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL


အခဲဘက်ထရီ ထုတ်လုပ်မည့် ဖက်စပ်လုပ်ငန်းသည် စွမ်းအင်သိပ်သည်းဆ 368 Wh/kg ရှိပြီး ခရီးတာ မိုင် ၆၀၀ ရသည့် အခဲဘက်ထရီကို  အမြောက်အမြား ထုတ်လုပ်တော့မည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ အကြီးမားဆုံး ကားထုတ်လုပ်သူဖြစ်သည့် SAIC လုပ်ငန်းစုက လုပ်ငန်းသစ် QingTao Energy ၏ အခဲ ဘက်ထရီ solid-state battery ကို SAIC နှင့် QingTao တို့ ဖက်စပ်လုပ်ငန်း ထူထောင်ပြီး အမြောက်အမြား ထုတ်လုပ်တော့မည် ဖြစ်ကြောင်း ကြေညာပါသည်။

QingTao Energy သည် လုပ်ငန်းသစ်တစ်ခုဖြစ်ပြီး ၎င်းထုတ်လုပ်ထားသည့် အခဲဘက်ထရီကို SAIC နှင့် အတူလက်တွဲပြီး အီးဗီမော်ဒယ်များတွင် လက်တွေ့ စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။ 
နမူနာ ထုတ်လုပ်ထားသည့် အခဲ ဘက်ထရီများဖြင့် အီးဗီကို စမ်းသပ်မောင်းနှင်ကြည့်ခဲ့ရာ ၁၀၈၃ ကီလိုမီတာ (၆၇၃ မိုင်) အထိ ရသည်။
SAIC က QingTao နှင့် ဖက်စပ်လုပ်ငန်း ထူထောင်ကာ ကန်ဒေါ်လာ ၁၃၇ သန်း ရင်းနှီးမြှုပ်နှံပြီး အခဲဘက်ထရီ အမြောက်အမြား ထုတ်လုပ်မည် ဖြစ်သည်။ ဖက်စပ်လုပ်ငန်းတွင် QingTao က ၅၁% ရှယ်ယာပိုင်ဆိုင်ခွင့် ရရှိသည်။ 
ဤသည်မှာ တရုတ်ပြည်တွင် ကားလုပ်ငန်းနှင့် ဘက်ထရီလုပ်ငန်းတို့ ဖက်စပ်လုပ်ငန်း ထူထောင်သည့်အခါ အရင်းအနှီး ထည့်ဝင်သည့် အနည်းအများအရ ရှယ်ယာပိုင်ဆိုင်မှုကို မဆုံးဖြတ်ဘဲ ဘက်ထရီလုပ်ငန်းသည် ကားလုပ်ငန်းထက် ၁% 
ပိုရသည့် အစဉ်အလာ ရှိသဖြင့် ၅၁% ပိုင်ဆိုင်မှုကို QingTao ရရှိခြင်း ဖြစ်သည်။

 SAIC က ၂၀၂၅ ခုနှစ်တွင် အခဲဘက်ထရီဖြင့် အီးဗီ အစီးရေ ၁ သိန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။

 ယေဘုယျအားဖြင့် အခဲဘက်ထရီသည် ဈေးကြီးသဖြင့် ဈေးမြင့်သည်။ သို့ဖြစ်ရာ ပရီမီယံ ကားမော်ဒယ်များတွင်သာ သုံးစွဲနိုင်သည်။

QingTao က ဈေးပေါသည့် အခဲဘက်ထရီ အမြောက်အမြားကို SAIC ၏ အီးဗီများအတွက် ထုတ်လုပ်ပေးမည် ဖြစ်သည်။

Li Auto သည် အခဲဘက်ထရီဖြင့် အီးဗီ ထုတ်လုပ်ရန် စူးစမ်းလေ့လာခဲ့ရာ၌ အခဲဘက်ထရီထုပ်သည် US$42,000 အထိ ကုန်ကျနိုင်သဖြင့် နောက်ဆုတ်လိုက်ရကြောင်း ပြောကြားခဲ့သည်။

Source notebook check
To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

Read 2051 times