တရုတ် ထိပ်တန်း ကားထုတ်လုပ်သူ SAIC Motor သည် ၂၀၂၂ ခုနှစ်တွင် အရောင်းသွက်ကြောင်း အစီရင်ခံ


တရုတ် ထိပ်တန်း ကားထုတ်လုပ်သူ SAIC Motor သည် ၂၀၂၂ ခုနှစ်တွင် အရောင်းသွက်ကြောင်း အစီရင်ခံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


တရုတ်နိုင်ငံ၏ အဓိက မော်တော်ကားထုတ်လုပ်သူ SAIC Motor သည် ၂၀၂၂ ခုနှစ်တွင် ကားအစီးရေ ၅.၃ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး ၁၇ နှစ်ဆက်တိုက် တရုတ်နိုင်ငံတွင် ပထမနေရာတွင် ရပ်တည်နေကြောင်း ကုမ္ပဏီစာရင်းများအရ သိရသည်။

၂၀၂၂ ခုနှစ်တွင် ကုမ္ပဏီ၏ ကိုယ်ပိုင်အမှတ်တံဆိပ်များသည် ကားအစီးရေ ၂.၇၉ သန်းနီးပါး ရောင်းချခဲ့ရသည်။ စုစုပေါင်းရောင်းအား၏ ၅၂.၅% ရှိသည်။ 
ကုမ္ပဏီ၏ ကိုယ်ပိုင်အမှတ်တံဆိပ်  အိမ်စီးကားများအစီးရေ ၈၃၉,၀၀၀ စံချိန်တင် ရောင်းချနိုင်ခဲ့သည်။

ကုမ္ပဏီသည် စွမ်းအင်အသစ်ကား အစီးရေ ၁.၀၇ သန်းကျော် ရောင်းချခဲ့သည်။

ပြည်ပဈေးကွက်များသို့ စီးရေ ၁.၀၂ သန်း နီးပါး ‌တင်ပို့ခဲ့သည်။ တရုတ်ကားထုတ်လုပ်ရေး လုပ်ငန်းများတွင် ကားစီးရေ အများဆုံးတင်ပို့သည့် နံပါတ်(၁) နေရာကို ရရှိထားသည်မှာ ၇ နှစ် ဆက်တိုက်ရှိပြီ ဖြစ်သည်။
Source Xinhua 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 


 

Read 186 times