နိုင်ငံပိုင်လုပ်ငန်း SAIC Motor ဥရောပဈေးကွက်မှာ MG ဖြင့် ဈေးကွက်ဝေစု ရယူ


နိုင်ငံပိုင်လုပ်ငန်း SAIC Motor ဥရောပဈေးကွက်မှာ MG ဖြင့် ဈေးကွက်ဝေစု ရယူ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

တရုတ်အစိုးရပိုင် မော်တော်ကားထုတ်လုပ်သူ SAIC Motor သည် ဥရောပဈေးကွက်တွင် နေရာယူနိုင်ရန် ဗြိတိန်အခြေစိုက် MG Motor တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဥရောပသို့ စတင်ဝင်ရောက်ခဲ့သည်။
.
တရုတ်အစိုးရပိုင်  Nanjing Automobile က ဗြိတိသျှ ကားထုတ်လုပ်သူကို ၂၀၀၅ ခုနှစ်တွင် ဝယ်ယူခဲ့ပြီး ကားမော်ဒယ်များကို တဆယ်နှစ်နီးပါး မှေးမှိန်နေသည့် “MG” တံဆိပ် တပ်ပြီး ထုတ်လုပ်သည်။ ကားများကို တရုတ်ပြည်တွင် ထုတ်လုပ်သော်လည်း ဗြိတိသျှ တံဆိပ်တပ်ပြီး ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ 
 .
၂ နှစ်အကြာတွင် Nanjing Automobile ကို SAIC(aka Shanghai Automotive Industry Corporation) က ရာနှုန်းပြည့် ပိုင်ဆိုင်မှုဖြင့် ဝယ်ယူလိုက်ရာ “MG” တံဆိပ်သည် SAIC လက်ထဲ ရောက်သွားသည်။
SAIC Motor က ယူကေ အမှတ်တံဆိပ်အနေဖြင့် “MG” ကို ပျိုးထောင်ရန် MG Motor UK Limited ကို ထူထောင်ခဲ့သည်။ 
ယခုအခါ MG Motor သည် တရုတ်၊ ယူကေ၊ အာရှနှင့် ဥရောပတို့တွင် ရေပန်းစားနေပါသည်။
.
SAIC Motor သည် စွမ်းအင်သစ်သုံး ကားများဆီသို့ ကူးပြောင်းနေသော တရုတ်အစိုးရပိုင် ကားထုတ်လုပ်သူ "ကြီး၄ကြီး" တွင် ပါဝင်သည်ဖြစ်ရာ MG Motor သည်လည်း စွမ်းအင်သစ်သုံး ကားများဆီသို့ ကူးပြောင်းသည်။ အီးဗီနှင့် ပလပ်ထိုး ဟိုက်ဘရစ်ကားများ ထုတ်လုပ်သည်။
.
SAIC Motor သည် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံရပ်ခြား ရောင်းအား အစီးရေ ၅၃၀,၀၀၀ ဝန်းကျင် ရှိသည်။ ၎င်းရောင်းအားတွင် ၇၀% သည် ဥရောပတွင် MG Motor ၏ ရောင်းအား ဖြစ်သည်။
MG Motor ၏ အ‌ီးဗီများ ဉရောပတွင် ရောင်းအားကောင်းနေသဖြင့် SAIC က ဥရောပတွင် စက်ရုံထူထောင်ပြီး MG brand ဖြင့် အီးဗီများ ထုတ်လုပ်မည်ဟု SAIC က ကြေညာခဲ့ပါသည်။
SAIC Motor ၏ ပြည်ပရောင်းအားသည် ယခုနှစ်တွင် အစီးရေ ၁.၂ သန်းထက် ကျော်လွန်နိုင်မည်ဟု ခန့်မှန်းထားပြီး အများစုမှာ ဥရောပတွင် MG EV ၏ ရောင်းအား ဖြစ်သည်။

Source electrik
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 331 times