၂၀၂၂ သည် ၁၁၇ နှစ်တစ်လျှောက် Rolls-Royce စီးရေအများဆုံး စံချိန်တင် ရောင်းရသည့်နှစ် ဖြစ်ခဲ့


၂၀၂၂ သည် ၁၁၇ နှစ်တစ်လျှောက် Rolls-Royce စီးရေအများဆုံး စံချိန်တင် ရောင်းရသည့်နှစ် ဖြစ်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Rolls-Royce သည် ၎င်း၏ ပထမဆုံးသော လျှပ်စစ်စွမ်းအင်သုံးကား Spectre ကို ၂၀၂၃ တွင် ထုတ်လုပ်ပါမည်။
Rolls-Royce အမှတ်တံဆိပ်၏ ဂုဏ်သတင်းနှင့်အညီ ကားစီးသူသည် မှော်ဝင်ကော်ဇောပျံပေါ် ထိုင်စီးနေရသည့်နှယ် စည်းစိမ် ရှိနေစေမည်ဟု Rolls-Royce Motor Cars စီအီးအို  Torsten Muller-Otvos က  CNA သတင်းမီဒီယာနှင့် တွေ့ဆုံ‌ပြောဆိုရာ၌ ဆိုထားပါသည်။ 

Rolls-Royce သည် ရောင်းအားကောင်းသည့် နှစ်တစ်နှစ်ကို ဖြတ်သန်းခဲ့သည်။ ကပ်ရောဂါလွန် အံ့မခန်းနှစ် တစ်နှစ်ကို ဖြတ်သန်းခြင်း ဖြစ်ပါသည်။ု
အဆုံးစွန် စည်းစိမ်ကားများကို ထုတ်လုပ်သော ဗြိတိသျှ အ‌ခြေစိုက် Rolls-Royce သည် ၂၀၂၁ ခုနှစ်အတွက် စံချိန်တင် နှစ်ပတ်လည်ရလဒ်များကို အစီရင်ခံတင်ပြခဲ့သည်။ ကမ္ဘာတစ်လွှား Rolls-Royce ၅,၅၈၆ စီး ရောင်းချခဲ့သည်။ ၂၀၂၀ ခုနှစ်ထက် ထက်ဝက်နီးပါး ၄၉% စီးရေ ပိုများသည်။ 
Rolls-Royce ၏ သမိုင်းကာလ ၁၁၇ နှစ်တစ်လျှောက် စီးရေအများဆုံး ရောင်းရသည့်နှစ် ဖြစ်သွားခဲ့ပါသည်။
"ကပ်ရောဂါက ကျွန်တော်တို့အတွက် အတော်လေး အံ့အားသင့်စရာပါပဲ" ဟု Torsten Muller-Otvos က မှတ်ချက်ပြုသည်။
အိမ်မှာ လော့ဒေါင်းနေရစဉ် ကျွန်‌တော်တို့ရဲ့ ဖောက်သည်များနှင့် အသားတင်တန်ဖိုး အလွန်မြင့်မားတဲ့သူဌေးများ အများအပြားတို့က စည်းစိမ်ဥစ္စာများကို ပို၍ပင် စုဆောင်းမိကြတာကို တွေ့မြင်ရတာ စိတ်ဝင်စားစရာဖို့ ကောင်းပါတယ်။ ပြီးတော့ သုံးဖို့စွဲဖို့အတွက် ခရီးသွားရန် အခွင့်မသာတာကြောင့် ဇိမ်ခံပစ္စည်းများမှာပဲ သုံးစွဲလိုက်ကြတာ ကပ်ရောဂါကာလအတွင်း သိသိသာသာ တိုးလာခဲ့ပါတယ်။ ဒီအချက်က ကျွန်တော်တို့ Rolls-Royce  အတွက်သာမက ကမ္ဘာတစ်ဝှမ်းရှိ ဇိမ်ခံအမှတ်တံဆိပ်အားလုံးအတွက်ပါ မှန်ကန်ပါတယ်" ဟု သူက ပြောကြားသည်။

Muller-Otvos ၏အဆိုအရ အရောင်းပမာဏသည် လွန်ခဲ့သော ကူးစက်ရောဂါ မတိုင်ခင် သုံးနှစ်ကအဆင့်အထိ ပြန်လည်မြင့်တက်လာခဲ့ပြီး ဆက်လက်ကြီးထွားနေ‌ပါသည်။ 
"ရုရှားမှာ   ကျွန်တော်တို့ရဲ့လုပ်ငန်းကဏ္ဍကို နေချင်းညချင်း ရပ်ဆိုင်းခဲ့ပြီး ရုရှားကလာတဲ့ အမှာစာ လုံးဝ မရရှိ‌တော့ပေမဲ့ ၂၀၂၃ ခုနှစ် ထုတ်လုပ်မှုအထိ အမှာစာများ လက်ခံရရှိထားပါတယ်" ဟု Muller-Otvos က ပြောကြားသည်။
"အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာရှ ကမ္ဘာတစ်ဝှမ်းလုံးမှ အမှာစာများ ရရှိခဲ့လို့ ကိုဗစ်ကာလ လျော့နည်းခဲ့တာကို ပြန်အလျော်ရပါတယ်" ဟု သူက ပြောကြားသည်။

“ပြီးခဲ့တဲ့ ၁၂ နှစ်အတွင်း သိသိသာသာ အပြောင်းအလဲတွေ တွေ့ခဲ့ရပါတယ်။ ကျွန်တော် [Rolls-Royce] မှာ အလုပ်စဝင်တုန်းက ကျွန်တော်တို့ရဲ့ဖောက်သည်‌ေတွရဲ့ပျမ်းမျှအသက်က ၅၆ နှစ် ဖြစ်ပါတယ်။ ယာဉ်မောင်းဝန်ထမ်း ခန့်ထားပြီး မောင်းနှင်စေတဲ့ ကား brand ဖြစ်ခဲ့ပါတယ်။ ၈၀% က ယာဉ်မောင်းဝန်ထမ်း မောင်းနှင်ပြီး ၂၀%က ကိုယ်တိုင်မောင်းနှင်ကြပါတယ်။ အခုတော့ အဲဒါရဲ့ ပြောင်းပြန်ဖြစ်သွားပါပြီ" ဟု သူက ပြောကြားသည်။ 
Rolls-Royce ဝယ်စီးသူများ၏ ပျမ်းမျှအသက်မှာလည်း ပိုငယ်လာသည်။

"အကြောင်းပြချက်က လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ် သုံးဆယ်တုန်းကထက် ယနေ့ခေတ်တွင် ငွေရှာရန် ပိုမိုလွယ်ကူသောကြောင့်ဖြစ်ပါတယ်။ ယနေ့ခေတ်နည်းပညာလုပ်ငန်းများဖြင့် ဘဝအစောပိုင်း အသက်သိပ်မကြီးခင်မှာ စိတ်ထဲရရှိတဲ့ လုပ်ငန်းအကြံဉာဏ်များကို  လက်တွေ့ငွေရှာဖို့  ပိုမိုလွယ်ကူလာပါတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်များရဲ့ ပျမ်းမျှအသက်က ယခုအခါ ၄၃ နှစ် ဖြစ်ပါတယ်။ မယုံနိုင်စရာပါပဲ" ဟု သူက ပြောကြားသည်။
နောက်ထပ်ထူးခြားသည့် အပြောင်းအလဲမှာ Rolls-Royce ဝယ်စီးသူများတွင် အမျိုးသမီးဦးရေ ပိုများလာခြင်းဖြစ်သည်။
"လွန်ခဲ့တဲ့ ၁၂ နှစ်က ၁ ရာခိုင်နှုန်းပဲ ရှိတယ်။  အခု အမျိုးသမီး ဝေစုက ၁၅ ရာခိုင်နှုန်း ရှိတယ်" ဟု သူက ပြောကြားသည်။ 
"ကျွန်တော်တို့ အမျိုးသမီးဦးရေ ပိုများလာဖို့ မလုပ်ခဲ့ပါဘုး။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ များလာခဲ့ပါတယ်။  အနာဂတ်အတွက် ကျွန်တော်တို့ စိတ်ထဲမှာ ရှိတာကို သိကြတယ်။ လျှပ်စစ်ကားတွေ ထုတ်လုပ်တဲ့အခါ အမျိုးသမီးတွေ ဝယ်ဖြစ်အောင် ဆွဲဆောင်မှု အရမ်းကောင်းပါတယ်။ လာမယ့် ၅ နှစ်မှ ၇ နှစ်အတွင်း အမျိုးသမီးဦးရေ ၂၀ ကနေ ၂၃% အထိ ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် အလွန်စိတ်ချထားပါတယ်" ဟု သူက ပြောကြားသည်။

 Rolls-Royce ကို ပူးတွဲတည်ထောင်သူ Charles Rolls သည် ကုမ္ပဏီသက်တမ်းနုစဉ်မှာ လျှပ်စစ်မော်တာကားတစ်စီးနှင့် ကြုံတွေ့ခဲ့ရပြီးနောက် မော်တော်ကားများအတွက် လျှပ်စစ်အနာဂတ်ကို ၁၉၀၀ ခုနှစ်တွင် ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။
ကုမ္ပဏီသည် လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကတည်းက လျှပ်စစ်ကားကို စမ်းသပ်ခဲ့ပြီး 102EX နှင့် 103EX မော်ဒယ်တို့ကို လျှပ်စစ် တစ်မျိုးတည်းဖြင့် အပြည့်အဝလည်ပတ်နိုင်သည့်ရှေ့ပြေးပုံစံများကို ထုတ်ဖော်ခဲ့ပါသည်။
"အားသွင်းချိန်နှင့် ကား သွားနိုင်တဲ့ ခရီးတ အကွာအဝေးတိုက ကျွန်တော်တို့ရဲ့ စံချိန်စံနှုန်းများနှင့် မကိုက်ညီတဲ့အတွက် ထုတ်လုပ်ရောင်းချဖို့ မဖြစ်နိုင်ခဲ့ပါဘူး" ဟု Muller-Otvos က ပြောကြားသည်။
"ဒါပေမဲ့ နည်းပညာဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အကြီးအကျယ် ပြောင်းလဲလာခဲ့ပြီး အခုအချိန်မှာတော့ လျှပ်စစ်ကား Rolls-Royce အမှန်အကန်ကို ဈေးကွက်ထဲ ယူဆောင်လာဖို့ အလွန်ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပါပြီ" ဟု သူက ရှင်းပြသည်။

စက်တင်ဘာလတွင် Rolls-Royce သည် ၎င်း၏ ပထမဆုံး လျှပ်စစ်ကား Spectre ကို ပြသခဲ့ပြီး ၂၀၂၃ ခုနှစ် စတုတ္ထ၃ လပတ်တွင် စတင်ရောင်းချရန် စီစဉ်ထားပါသည်။
Source CNA
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1861 times