ကိုယ်တိုင် လမ်းပြင်တဲ့ Rod Stewart


ကိုယ်တိုင် လမ်းပြင်တဲ့ Rod Stewart

အသက် ၇၇ နှစ် ရှိပြီဖြစ်‌ေသာ ဆာဘွဲ့ရ ကမ္ဘာကျော် အဆိုတော် Rod Stewart က သူ့အိမ်နားက လမ်းမှာ ချိုင့်ခွက်များကို ကိုယ်တိုင်ဂေါ်ပြားကိုင်ပြီး အပေါင်းအသင်းများနှင့်အတူ ပြုပြင်ခဲ့ပါတယ်။ မှတ်တမ်းဗီဒီယို အတို ရိုက်ကူးပြီး လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

လမ်းပျက်နေတာ လုပ်မယ့်သူ မရှိလို့ သူ လမ်းပြင်နေပါတယ်လို့ Instagram တင်ပြတဲ့ ဗီဒီယိုမှာ သူက ပြောပြထားပါတယ်။
လမ်းကဆိုးလို့ လူနာတင်ကားတစ်စီး ချိုင့်ထဲကျပြီး တာယာကွဲသွားတာ သူတွေ့ရတဲ့အတွက် လမ်းပြင်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ လမ်းက ပျက်နေတော့ တခြားကားတွေလည်း ထိခိုက်မှု ဖြစ်ပွားတယ်လို့ သူက ပြောပါတယ်။

 

သူ့ရဲ့ Ferrari က ချိုင့်ခွက်တွေကြောင့် လမ်းကို လုံးဝ အသုံးပြုလို့ မရတာကြောင့်လည်း သူလမ်းပြင်ပါတယ်လို့ သူက ဆိုပါတယ်။


"ဒီတော့ ကျွန်တော်နဲ့ ကျွန်တော့လူတွေ ဒီကိုလာကြပြီး ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ လာလုပ်ကြတယ်။ ကျွန်တော်တို့က ချိုင့်တွေကို လိုက်ဖြည့်နေချိန်မှာ M11 အဝေးပြေးလမ်းအတွက် ပေါင်(ဗြိတိသျှနိုင်ငံသုံးငွေကြေး) သန်းချီပြီး သုံးနေတယ်" လို့ သူက ပြောကြားပါတယ်။

ရော့ခ်စတား ဆာဘွဲ့ရ Rod Stewart က The Tears Of Hercules အမည်ရှိတေးစုကို ယမန်နှစ်က ထုတ်လုပ်ဖြန့်ချိခဲ့ရာ ယူကေ Top 10 မှာ နံပါတ်(၅) ချိတ်ပါတယ်။

Rod Stewart က အိမ်စီးပြိုင်ကား အမျိုးမျိုး ဝယ်စီးလေ့ရှိသူဖြစ်ပြီး ယခု လက်ရှိစီးနေတဲ့ Ferrari က နှစ်ယောက်စီး F8 Tributo အဖြူရောင် ဖြစ်ပါတယ်။

 

 

 

Read 452 times