စီးရေကန့်သတ် ထုတ်လုပ်မည့် မောင်းသူမဲ့ Robo-01 Lunar Editions အီးဗီကို Baidu က ဒေါ်လာ ၅၅,၃၀၀ ဖြင့် ဈေးဖွင့် ပြသ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တရုတ်နိုင်ငံမှ Baidu သည် မောင်းသူမဲ့နည်းပညာသုံးထားသည့် စီးရေကန့်သတ်ထုတ်လုပ်မည့် အီးဗီ Robo-01 Lunar Editions ကိုထုတ်ဖော်ပြသခဲ့သည်။ $55,300 ဖြင့် လာမည့်နှစ်တွင် စတင်ရောင်းချမည်ဖြစ်သည်။
Robo-01 Lunar Edition ကို Baidu ၏ လက်တံတစ်ခုဖြစ်သော Jidu Auto က မီဒီယာများကို ဖိတ်ကြားပြသခဲ့သည်။
တရုတ်အင်တာနက်ရှာဖွေရေး ဟဲဗီးဝိတ် Baidu သည် အလိုအလျောက်မောင်းနှင်နိုင်သည့်အင်္ဂါရပ်များ တပ်ဆင်ထားသော စီးရေအကန့်အသတ်ဖြင့်ထုတ်လုပ်မည့် လျှပ်စစ်ကား Robo-01 Lunar Edition ကို ယွမ် ၃၉၉,၈၀၀($55,300) ဖြင့် ဈေးဖွင့်ထားသည်။
Baidu ၏ အီးဗီဖက်စပ်လုပ်ငန်းသည် အမှာစာ ၁,၀၀၀ လက်ခံရရှိပြီးဖြစ်သည်။ နောက်ထပ် အစီးရေ ၁,၀၀၀ ရရှိနိုင်ပါသေးသည်။ ယခု မှာကြားထားသူများကို နောက်နှစ်တွင် ကားသော့အပ်မည် ဖြစ်သည်။
.
Robo-01 Lunar Edition အီးဗီကို ရှန်ဟိုင်းတွင် ကျင်းပသော ပွဲတစ်ခု၌ ကြာသပတေးနေ့ (အောက်တိုဘာ ၂၇)တွင် ပြသခဲ့ပြီး ဖိတ်ကြားထားသူ ဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့သည်။ မီဒီယာများအနေဖြင့် အဆိုပါအီးဗီကို ပထမဆုံးအကြိမ် မြင်တွေ့ခွင့် ရရှိခဲ့ကြသည်။
.
Baidu သည် တရုတ် ပုဂ္ဂလိကကဏ္ဍမှ ကားထုတ်လုပ်သူ Zhejiang Geely Holding Group နှင့် ဖက်စပ်လုပ်ငန်း Jidu Auto ကို ထူထောင်ထားသည်။ Robo-01 Lunar Edition ကို ပူးပေါင်းဖန်တီးခဲ့ကြသည်။
တရုတ်အစိုးရက ဆောင်ရွက်လျက် ရှိသည့် လပေါ်သို့ သွားရောက်မည့် အစီအစဉ်ကို ဂုဏ်ပြုသေားအားဖြင့် ကားအမည်တွင် လ (Lunar) စကားလုံး ထည့်သွင်းပြီး အမည်ပေးထားသည်။
Jidu က Robo-01 ကို စက်တင်ဘာလကုန်တွင် စတင်ရောင်းချခဲ့သည်။ အမှာစာ ၁,၀၀၀ ရရှိခဲ့ပြီးသောအခါ စီးရေ ၂,၀၀၀ သာ ကန့်သတ်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။
.
ကား၏ ပင်ကိုယ်မောင်းနှင် စွမ်းရည်အတွက် အမေရိကန်မှ ချစ်ပ်လုပ်ငန်း Qualcomm နှင့် Nvidia တို့၏ ချစ်ပ်များကို သုံးစွဲထားသည်ဟု Jidu ၏ စီအီးအို Xia Yiping က ပြောကြားသည်။
.
limited-edition အီးဗီကို အခမဲ့ အားသွင်းခွင့် ပေးထားမည် ဖြစ်သည့်အပြင် ပြုပြင်ထိန်းသိမ်းမှုကိုလည်း အခမဲ့ ဝန်ဆောင်မှု ပေးအပ်မည် ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားသည်။
Source asia nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U