အီးဗီတစီး ဒေါ်လာ ၃၃,၀၀၀ အရှုံးပေါ်နေသည့် Rivian ထုတ်လုပ်စီးရေ တိုးမြှင့် 


အီးဗီတစီး ဒေါ်လာ ၃၃,၀၀၀ အရှုံးပေါ်နေသည့် Rivian ထုတ်လုပ်စီးရေ တိုးမြှင့် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

လျှပ်စစ်ကားထုတ်လုပ်သူ Rivian Automotive သည် တတိယသုံးလပတ်အတွင်း စျေးကွက်မျှော်မှန်းချက်ထက် ပိုမိုထုတ်လုပ် ရောင်းချနိုင်ခဲ့ကြောင်း အစီရင်ခံသည်။

အဝယ်လိုက်နေသည်ကို တတ်နိုင်သရွေ့ အလျဉ်မီအောင် ထုတ်လုပ်ရန် ပစ်ကပ်ထရပ်များနှင့် sport-utility vehicle (SUV) များကို တိုးမြှင့် ထုတ်လုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၃ တနှစ်တာ ထုတ်လုပ်မှုကို ဩဂုတ်လတွင် အစီးရေ ၅၀,၀၀၀ ဟု လျာထားသည်ကို ယခုအခါ အစီးရေ ၅၂,၀၀၀ သို့ တိုးမြှင့် လျာထားလိုက်သည်။
 Rivian သည် R1T မော်ဒယ် ပစ်ကပ်ထရပ်များနှင့် R1S မော်ဒယ်  SUV များ ထုတ်လုပ်သည်။
စက်တင်ဘာလကုန်တွင် ကုန်ဆုံးသည့် ၃လပတ်တွင် အစီးရေ ၁၄,၇၄၀ ထုတ်လုပ်ခဲ့သည်။ ယခင် ၃လပတ်ထက် ၂၃% ပိုများသည်။

 

 Tesla က အီးဗီဝယ်လိုအား တက်အောင် ဈေးချရောင်းသဖြင့် ပြိုင်ဘက်တို့ကလည်း ဈေးချ ရောင်းချကြပြီး ယှဉ်ပြိုင်ကြသည်။ အမေရိကန် ကားဈေးကွက်တွင် အီးဗီလက်လီ ပျမ်းမျှဈေးနှုန်းသည် ယမန်နှစ်က $70,000 ရှိခဲ့ရာမှ ၂၀၂၃ ဇူလိုင်လတွင် $53,376 သာ ရှိတော့သည်အထိ ကျဆင်းသည်။ 

Rivian က ဈေးချရောင်းသည့်အထဲ မပါဝင်ချေ။  Rivian ၏ အီးဗီများ ပျမ်းမျှရောင်းဈေးမှာ $80,000 ဖြစ်ပါသည်။ 

ယာဉ်မောင်းနှင်မှုဆိုင်ရာအပိုင်းကို ယခင်က ပစ္စည်းပေးသွင်းများထံမှ ဝယ်ယူသုံးစွဲခဲ့ပြီး ယခုအခါ ကုမ္မဏီမှ ထုတ်လုပ်ခြင်းဖြင့် ကုန်ကျစရိတ် လျော့ကျအောင် လုပ်ဆောင်သည်။
Rivian သည် ကုန်ကျစရိတ်များကို အကြ္းအကျယ် လျှေိာ့ချဖို့ လိုအပ်နေသည်။ သို့မှသာ ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ကားတစီး ရောင်းလိုက်တိုင်း အမြတ်ရသည့် အခြေအနေကို ရရှိနိုင်မည် ဖြစ်သည်။

ယခုအခါ Rivian သည် အီးဗီ ပစ်ကပ်ထရပ်များ ထုတ်လုပ်ရောင်းချသည်မှာ သက်တမ်း ၂ နှစ်နီးပါး ရှိပြီ ဖြစ်သည်။ သို့သော် အရင်းမကြေသေးသည့်အပြင် အီးဗီပစ်ကပ် တစီး ရောင်းချလိုက်တိုင်း $30,000 ကျော် ရှုံးနေဆဲ ဖြစ်သည်ဟု The Wall Street Journal -WSJ က သတင်းဆောင်းပါး ဖော်ပြသည်။ 

Rivian သည် ၎င်း၏ R1T နှင့် R1S လျှပ်စစ်ကားများအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချရန် ကြိုးပမ်းဆောင်ရွက်နေသည်။ ကုန်ကျစရိတ်ကို $40,000 အထိ လျှော့ချနိုင်မှ အရှုံးခံ ရောင်းထားသည့် အီးဗီများအတွက်ပါ ကာမိမည် ဖြစ်သည်။ 

 WSJ က တွက်ချက်ထားသည်မှာ ကားတစ်စီး ရောင်းလိုက်တိုင်း ရှုံးသည့် ပမာဏသည် ထုတ်လုပ်ရောင်းချသည့် အစီးရေ များလာသည်နှင့်အမျှ အရှုံးများ စုပုံလာမည် ဖြစ်ပြီး ၂ နှစ်အတွင်း ငွေသား ကန်ဒေါ်လာ ၁၈ ဘီလီယံအထိ အရှုံးပြမည်။

Source WSJ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 3630 times