တစ်နှစ် အင်ဂျင် ၅ သန်းကျော် ထုတ်မည့် Renault နှင့် Geely ဖက်စပ်လုပ်ငန်း  စက်ရုံ ၁၇ ရုံ  အသုံးပြုမည်


တစ်နှစ် အင်ဂျင် ၅ သန်းကျော် ထုတ်မည့် Renault နှင့် Geely ဖက်စပ်လုပ်ငန်း  စက်ရုံ ၁၇ ရုံ  အသုံးပြုမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တရုတ်နိုင်ငံမှ Geely Automobile Holdings Ltd သည် ပြင်သစ်နိုင်ငံမှ Renault SA  နှင့် ဆော်ဒီအာရေဗျနိုင်ငံမှ Saudi Aramco Base Oil Company တို့နှင့်  ဖက်စပ်လုပ်ငန်းတွင် တရုတ်နိုင်ငံရှိ အင်ဂျင်နှင့် ဂီယာအုံ စက်ရုံ  ရှစ်ရုံနှင့် ဆွီဒင်မှ တစ်ရုံ ပါဝင်မည်ဖြစ်သည်။
.
 အဆိုပါ ဖက်စပ်လုပ်ငန်းကို  Renault က "Horse" ဟု ယာယီအမည်ပေးထားပြီး Geely က "Rubik" ဟု အမည်ပေးထားပါသည်။
 ပိုမိုထိရောက်သော ဓာတ်ဆီအင်ဂျင်များနှင့် ဟိုက်ဘရစ်စနစ်များကို လုပ်ကိုင်မည့် အဆိုပါ ဖက်စပ်လုပ်ငန်းကို ယမန်နှစ် နိုဝင်ဘာလက လက်မှတ်ရေးထိုးခဲ့ကြပါသည်။
 ကားလုပ်ငန်းကဏ္ဍသည် ဘက်ထရီသုံး လျှပ်စစ်ကားများဆီသို့ ကူးပြောင်းရန် အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေကြစဉ် ဓာတ်ဆီအင်ဂျင် တစ်နှစ်လျှင် ခုရေ ၅ သန်းကျော် ထုတ်လုပ်ရန် ရည်မှန်းချက် ထားရှိသည့် ဖက်စပ်လုပ်ငန်းကို စတင်လိုက်ကြခြင်း ဖြစ်ပါသည်။
.
ကားလုပ်ငန်းကဏ္ဍတွင် ဓာတ်ဆီအင်ဂျင်များနှင့် ဟိုက်ဘရစ်အင်ဂျင်များ အဓိက ပေးသွင်းသည့် လုပ်ငန်းအဖြစ်သို့ ၂၀၂၃ နှစ်ကုန်တွင် ရောက်ရှိရန် ရည်မှန်းထားပါသည်။
လုပ်သားအင်အားစု ဦးရေ ၁၉,၀၀၀ သုံးစွဲမည် ဖြစ်ပြီး တစ်နှစ် ဝင်ငွေ ယူရို ၁၅ ဘီလီယံ ရရှိရန် ရည်မှန်းထားသည်။
.
Renault က လက်တင်အမေရိက၊ ဥရောပနှင့် တူရကီ တို့မှ စက်ရုံ ၈ ရုံ၊ Geely က စက်ရုံ ၉ ရုံ စုစုပေါင်း စက်ရုံ ၁၇ ရုံ သုံးစွဲရန် သဘောတူထားကြပါသည်။
.
Geely နှင့် Volvo Car AB တို့ ၂၀၂၁ ခုနှစ်တွင် ထူထောင်ခဲ့ပြီး ယခုအခါ Geely မှ အပြည့်အဝ ပိုင်ဆိုင်သည့် အင်ဂျင် ထုတ်လုပ်ရေးလုပ်ငန်း Aurobay ၏ စက်ရုံ ၉ ရုံကို သုံးစွဲမည်ဖြစ်သည်။ 
ထို့ပြင် Geely-Aurobay သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန နှစ်ခုကိုလည်း သုံးစွဲမည်။ တစ်ခုမှာ တရုတ်ပြည်မှ ဖြစ်ပြီး ကျန်တစ်ခုမှာ ဆွီဒင်မှ ဖြစ်သည်။ Renault က သုံးခု ထည့်သုံးမည်။ တစ်ခုမှာ လက်တင်အမေရိကမှ ဖြစ်ပြီး ကျန်တစ်ခုမှာ ဥရောပမှ ဖြစ်သည်။
.
Geely က အင်ဂျင်နှင့် ဂီယာအုံ စက်ရုံများကို ဖက်စပ်လုပ်ငန်းတွင် ထည့်သုံးမည် ဖြစ်သော်လည်း လျှပ်စစ်ကားအတွက် စက်ရုံများကို ချန်ထားမည်။
Renault ကလည်း ၎င်း၏ အီးဗီ နည်းပညာများကို ချန်ထားမည်။ 
ဖက်စပ်လုပ်ငန်းသည် ဓာတ်ဆီ အင်ဂျင်၊ ဟိုက်ဘရစ် အင်ဂျင်၊ ပလပ်ထိုး ဟိုက်ဘရစ်အင်ဂျင်၊ ဂီယာအုံတို့ကို ထုတ်လုပ်မည်။
Saudi Aramco က အင်ဂျင်အတွက် e-fuel နှင့် ဟိုက်ဒြိုဂျင် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ပေးအပ်မည် ဖြစ်သည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 264 times