နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း QR Code နှင့် Tracking Mobile App ဖေဖော်ဝါရီလ စတင်ကျင့်သုံးမည်


နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း QR Code နှင့် Tracking Mobile App ဖေဖော်ဝါရီလ စတင်ကျင့်သုံးမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ယာဉ်ထွက်ခွင့်ပြုလက်မှတ်(မျှော)ပါ QR Code အား Tracking Mobile App အသုံးပြု၍ စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ ကုန်သွယ်ရေးဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ 


အသိပေးကြေညာချက်

ရက်စွဲ၊ ၂၇-၁-၂၀၂၃

 

ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ လွယ်ကူမြန်ဆန်စွာဆောင်ရွက်နိုင်စေရန်အတွက် Tradenet 2.0 စနစ်မှ နယ်စပ်ပို့ကုန်လိုင်စင်ဖြင့်ခွင့်ပြုသည့် ပဲ၊ ပြောင်း၊ နှမ်း၊ ဆီထွက်သီးနှံ ကုန်ပစ္စည်းတင်ယာဉ်များနှင့်ပတ်သက်၍ လုပ်ငန်းရှင် များမှ ယာဉ်ခွင့်ပြုလက်မှတ်(မျှော)အား အွန်လိုင်းမှ လျှောက်ထား/ထုတ်ယူနိုင်စေရန်နှင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ ယာဉ်စစ်ဆေးရေးဂိတ်အသီးသီး၌ စစ်ဆေးရေးတာဝန်ခံမှ ယာဉ်ထွက်ခွင့်ပြုလက်မှတ်(မျှော)ပါ QR Code အား Tracking Mobile App အသုံးပြု၍ စစ်ဆေးခွင့်ပြုနိုင်စေရန်အတွက် Vehicle Monitoring System ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစတင်၍ မူဆယ်နှင့်မြဝတီကုန်သွယ်ရေးလမ်းကြောင်းများတွင် စတင်အသုံးပြုသွားမည်ဖြစ်ပြီး ကျန်နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများကိုလည်း ဆက်လက်အသုံးပြုသွားမည် ဖြစ်ပါသည်။

 

လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် ယာဉ်ခွင့်ပြုလက်မှတ်(မျှော)အား အွန်လိုင်းမှ လျှောက်ထား/ထုတ်ယူနိုင်စေရန် အတွက် Vehicle Monitoring System အသုံးပြုမှုသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၆:၀၀)နာရီအထိ Virtual Online စနစ်ဖြင့် သင်တန်းပို့ချသွားမည်ဖြစ်သဖြင့် တက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာ ပို့သွင်းရုံးများနှင့် နယ်စပ်စခန်းများသို့ စာရင်းပေးသွင်း၍ တက်ရောက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 179 times