TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အမျိုးသားရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းစု PTT Plc သည် ထိုင်းနိုင်ငံတွင် လျှပ်စစ်ကား ထုတ်လုပ်သူဖြစ်လာရန် ကြိုးပမ်းနေပြီး ချောင်ဘူရီတွင် အီးဗီ တပ်ဆင်ထုတ်လုပ်ေရးစက်ရုံကို လာမည့်နှစ်တွင် အပြီးသတ်ရန် စီစဉ်ထားသည်။
အီးဗီကဏ္ဍတွင် PTT နှင့် ၎င်း၏ လုပ်ငန်းခွဲများအတွက် ဝင်ငွေအရင်းအမြစ်အသစ်များ ဖန်တီးမည်ဟု အကြီးတန်းအမှုဆောင်ဒုဥက္ကဋ္ဌ Buranin Rattanasombat က ပြောသည်။
အီးဗီကဏ္ဍသည် လျင်မြန်စွာကြီးထွားရန် အလားအလာရှိသည်ဟု ၎င်းက ပြောကြားသည်။
ချွန်ဘူရီပြည်နယ် ရှိ Rojana Nong Yai စက်မှုဇုန်တွင် တည်ရှိသည့် PTT ၏ အီးဗီ စက်ရုံသည် စတင်လည်ပတ်သည့်အခါ တစ်နှစ်လျှင် လျှပ်စစ်ကား အစီးရေ ၅ သောင်း ထုတ်လုပ်နိုင်စေရန် ဒီဇိုင်းထုတ်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နှစ် စီးရေ တစ်သိန်းခွဲအထိ ထုတ်လုပ်ရန် ရည်မှန်းထားသည်။
.
PTT သည် အီးဗီနှင့် အခြားရေနံမဟုတ်သော လုပ်ငန်းများကို ပံ့ပိုးရန်အတွက် ဘတ်ငွေ ၃၀၀ ဘီလီယံ ခွဲဝေသုံးစွဲရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။
PTT သည် ကိုယ်ပိုင် ကား brand ဖြင့် အီးဗီ ထုတ်လုပ်ရန် အစီအစဉ် မရှိသေးချေ။ PTT သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြုပ်နှံသည့် အီးဗီ ထုတ်လုပ်သူများ လျှပ်စစ်ကားများ တပ်ဆင်ထုတ်လုပ်ရန်အတွက် ပါဝင်ဆောင်ရွက်မည် ဖြစ်သည်ဟု PTT ၏ president နှင့်စီအီးအို ဖြစ်သူ Auttapol Rerkpiboon က ပြောကြားသည်။
PTT ရာနှုန်းပြည့်ပိုင် Arun Plus Co သည် အီးဗီ တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းကို ကြီးကြပ်ရန်အတွက် Horizon Plus ကို ပူးတွဲတည်ထောင်ထားပါသည်။
Horizon Plus တွင် Arun Plus က ၅၁% အရင်းအနှီး ထည့်ဝင်ထားပြီး Foxconn ဟု လူသိများသည် ထိုင်ဝမ်အခြေစိုက် Hon Hai Precision Industry Co က ၄၉% ထည့်ဝင်ထားပါသည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U