မလေးရှားမှ Proton မေလ ရောင်းအားမြင့်တက် 


မလေးရှားမှ Proton မေလ ရောင်းအားမြင့်တက် 

 

မလေးရှား နိုင်ငံဂုဏ်ဆောင် ကားထုတ်လုပ်ရေး လုပ်ငန်း  Proton Holdings Bhd(Proton) ရောင်အား ၂၀၂၂ မေလမှာ ပြန်လည်မြင့်တက်ခဲ့ရာ ၉,၇၉၂ စီး ရောင်းချနိုင်ခဲ့သည်။
ကုမ္ပဏီက ယာဉ်အစိတ်အပိုင်း အလုံအျလာက် အချိန်မီ မရသဖြင့် ထုတ်လုပ်မှုများ လျှော့ချထားခဲ့ရသည်ကို ထေမိစေရန် ယခုအခါ စီးရေ တိုးမြှင့် ထုတ်လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်နေသည်။

တွဲဘက်စီအီးအို Roslan Abdullah က ပြောကြားသည်မှာ ဧပြီလတွင် ၈,၈၃၉ စီး ရောင်းချနိုင်ခဲ့ပြီး မေလတွင် စီးရေတိုးပြီး ၉,၇၉၂ စီး ရောင်းချနိုင်ခဲ့သည့်အကြောင်းရင်းမှာ ကားထုတ်လုပ်သည့်ပမာဏ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ဈေးကွက်ဝယ်လိုအားကို အမီလိုက်ဖို့ ကြိုးပမ်းခဲ့ခြင်းကြောင့် ဖြစ်သည်။

"တခြား မော်တော်ယာဥ်လုပ်ငန်းတွေလိုပဲ ကျွန်တော်တို့လည်း လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဖူဖူလုံလုံ ရရှိအောင် အမြဲမပြတ် လုံးပန်းနေရပါတယ်။ ကြိုတင်အမှာစာတွေ အချိန်မီ ကားမအပ်နိုင်တာကို ရှင်းထုတ်ပေးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်" ဟု Roslan Abdullah က ပြောကြားသည်။

 ကာလရှည်ကြာ စောင့်ဆိုင်းပေးပြီး Proton ကို ဝယ်ယူအားပေးကြသူများကို ကျေးဇူးတင်ကြောင်းလည်း သူက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ sport utility vehicle (SUV) ကားဈေးကွက် အပိုင်းအကန့်တွင် Proton X50  က ဆက်လက်ကြီးစိုးထားကြောင်း၊ မေလတွင် စီးရေ ၂,၇၇၉ ရောင်းချခဲ့ကြောင်း၊ B-segment SUV တွင်သာမက SUV အပိုင်းအကန့် တစ်ခုလုံးကိုပါ Proton X50 က ဦးဆောင်နေကြောင်း Roslan က ပြောကြားသည်။

အခြား Proton မော်ဒယ် နှစ်မျိုး မေလ ရောင်းအားမှာ Proton X70 ၆၉၂ စီးနှင့် Proton Exora ၃၈၇ စ‌ီး အသီးသီး ရောင်းချခဲ့သည်။

ကုမ္ပဏီ၏ ကာလရှည်ကြာ အရောင်းရဆုံး ဖြစ်သည့် Proton Saga သည် ရောင်းအကောင်းဆုံး ဆက်ဖြစ်နေပြီး ၃,၉၉၆ စီး မေလတွင် ရောင်းရသည်။
2022 Proton Saga သည် မော်ဒယ်အသစ်ဖြစ်ပြီး ၂၀၂၂ မေလ ၁၂ ရက်တွင် စတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။
ကြိုတင်အမှာစာ စီးရေ ၁၂,၀၀၀ ကျော် ရရှိထားပြီးဖြစ်သည်ဟု Roslan က ပြောကြားသည်။

2022 Proton Saga မော်ဒယ်ကို ပြည်ပသို့လည်း တင်ပို့ရောင်းချသည်ဖြစ်ရာ မေလတွင် ၅၁၃ စီး တင်ပို့ခဲ့သည်။

Proton အတွက် ယခုနှစ် ပထမ ၅ လတာအတွင်းအကြီးမားဆုံး ပြည်ပဈေးကွက်မှာ ပါကစ္စတန်နိုင်ငံ ဖြစ်သည်။ စီးရေ ၁,၃၅၀ စီး တင်ပို့ရောင်းချခဲ့သည်။ ဒုတိယ အကြီးမားဆုံး ပြည်ပဈေးကွက်မှာ အီဂျစ်နိုင်ငံ ဖြစ်ပြီး ၁,၇၂ စီး တင်ပို့ရောင်းချခဲ့သည်။  တတိယနေရာရှိ ဘရူနိုင်းနိုင်ငံသို့ ၁၅၈ စီး တင်ပို့ ရောင်းချခဲ့သည်။

Proton သည် မလေးရှားကားအသစ်ဈေးကွက်တွင် ဈေးကွက်ဝေစု ၁၉.၆%  ရရှိထားသည်။
မလေးရှား ကားဈေးကွက်  ၂၀၂၁ အရောင်းရဆုံး ကား brand စာရင်းတွင် Proton သည် ဒုတိယနေရာတွင် ရှိနေပါသည်။

#MyanmarAutomobileGuide 

 

Read 2029 times