စင်ကာပူတွင် Power Up Tech (P.UP) ကအိမ်တိုင်ရာရောက် အမြန်အားသွင်း ဝန်ဆောင်မှု စတင်


စင်ကာပူတွင် အိမ်တိုင်ရာရောက် အမြန်အားသွင်း ဝန်ဆောင်မှု စတင်


စင်ကာပူမှ Power Up Tech (P.UP)ရဲ့ ဝန်ဆောင်မှုက အားသွင်းပွိုင့်  အလွယ်တကူ သုံးဖို့ အဆင်မပြေတဲ့ အီးဗီပိုင်ရှင်တွေအတွက် ရည်ရွယ်ပြီး ကုမ္ပဏီက လျှပ်စစ်မော်တော်ယာဉ်တွေအတွက် ရွေ့လျားအမြန်အားသွင်း ဝန်ဆောင်မှု စတင်လိုက်ပါတယ်။ 
Power Up Tech က အိမ်တိုင်ရာရောက် အားလိုက်သွင်းပေးတဲ့ ဝန်ဆောင်မှုကို စင်ကာပူနိုင်ငံမှာ ပထမဦးဆုံးပေးအပ်တဲ့လုပ်ငန်း ဖြစ်ပါတယ်။
အားသွင်းတဲ့ကြာချိန်က ဘက်ထရီ ၈၀% အထိ အားပြည့်ဖို့ နာရီဝက်မှ တစ်နာရီအထိ ကြာမြင့်တယ်လို့ သိရပါတယ်။

 

ယခုအခါ Service plan မဝယ်ခင် ၂ ကြိမ်တိုင်တိုင် အခမဲ့ အားသွင်းပေးတဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်ကို ပေးအပ်လျက် ရှိပါတယ်။

လျှပ်စစ်ကား စီးမယ်ဆိုရင် အားသွင်းဖို့ အဆင်ပြေမှာလား။ သွားနေရင်းတန်းလန်း ဘက်ထရီအားကုန်ရင် ဘယ်လိုဖြေရှင်းရမလဲ စတဲ့ ပူပန်သောကတွေအတွက် Power Up Tech (P-Up) ရဲ့ အိမ်တိုင်ရာရောက် အားလိုက်သွင်းပေးတဲ့ ဝန်ဆောင်မှုက ဖြေရှင်းပေးဖို့ ရည်ရွယ်တယ်လို့ P-Up က ဆိုပါတယ်။ 
နေထိုင်ရာ တိုက်ခန်း အနီးအနားမှာ အားသွင်းပွိုင့် မရှိလည်း အီးဗီ စီးဖို့ ဖြစ်နိုင်အောင်  P-Up က ထောက်ကူပေးမှာ ဖြစ်ပါတယ်။


#MyanmarAutomobileGuide 

 

 

Read 6374 times