ပုလဲရတု အထူးထုတ်မော်ဒယ် Porsche ပြသ


ပုလဲရတု အထူးထုတ်မော်ဒယ် Porsche ပြသ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 နှစ် ၃၀ မြောက် အထိမ်းအမှတ်အဖြစ်  Porsche Thailand က အထူးအရောင် ခုနစ်မျိုးဖြင့် ထုတ်လုပ်ထားသော 30 Years Porsche Thailand  အထူးထုတ် Porsche ကားမော်ဒယ်ကို ပြသခဲ့ပါသည်။
 
ကိုယ်ထည်ဆေးမှုတ်ခြင်းကို  Porsche Exclusive Manufaktur က တာဝန်ယူ လုပ်ဆောင်ပေးပါသည်။

အထူးထုတ် Porsche  911 Carrera GTS ကို အစ‌ီးရေ ကန့်သတ် ထုတ်လုပ်ပါသည်။ နှစ် ၃၀ ပြည့် အထိးအမှတ်ဖြစ်သဖြင့် အစီးရေ ၃၀ ကိုသာ ထုတ်လုပ်ပါသည်။ 
ထိုင်းရိုးရာယဉ်ကျေးမှုအရ နေ့အလိုက် သတ်မှတ်ထားသော အရောင် ၇ မျိုးအနက် နှစ်သက်ရာ အရောင်တစ်ခုကို မှာကြားနိုင်ပါသည်။ 
၎င်းအရောင်များဖြင့် Porsche တစ်စီးဖြင့် တင်ပြထားပါသည်။
နေ့အလိုက် အရောင်များမှာ 

  • တနင်္ဂနွေနေ့ Fire Red
  • တနင်္လာနေ့ Signal Yellow
  • အင်္ဂါနေ့ Rubystar
  • ဗုဒ္ဓဟူးနေ့ Signal Green
  • ကြာသပတေးနေ့ Pastel Orange
  • သောကြာနေ့ Riviera Blue
  • စနေနေ့ Ultra Violet

 "30 Years Porsche Thailand Edition" တံဆိပ် တပ်ပေးထားသည်။


 Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 146 times