စင်ကာပူမှာ အရောင်းပြခန်း ဖွင့်လှစ်မယ့်  Polestar 


 စင်ကာပူမှာ အရောင်းပြခန်း ဖွင့်လှစ်မယ့်  Polestar 

လျှပ်စစ်ကား Polestar အရောင်းပြခန်းကို စင်ကာပူမှာ ၂၀၂၂ ဇန်နဝါရီလအတွင်း ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ 

Polestar အမည်အမှတ်တံဆိပ်ကို Volvo Cars နဲ့  Geely Holdings တို့က ပိုင်ဆိုင်ပါတယ်။
ကားပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်အသင်းအဖြစ် Polestar စတင်ခဲ့ပြီး Volvo နဲ့ လက်တွဲဆောင်ရွက်ပါတယ်။ Volvo ကားမော်ဒယ်တွေကို စွမ်းဆောင်ရည် ထပ်တိုးပြီး ပြိုင်ကားအဖြစ် အသုံးပြုပါတယ်။

လျှပ်စစ်ကား ထုတ်လုပ်ရေူအတွက် Polestar ကို ပြန်လည်ဖွဲ့စည်းပြီး သီးြခား ကားbrand တစ်ခုအဖြစ် ထူထောင်ခဲ့ပါတယ်။

စင်ကာပူမှာ တရားဝင် အသိအမှတ်ပြု ကိုယ်စားလှယ်အဖြစ် Wearnes Automotive က ဆောင်ရွက်မှာဖြစ်ပြီး Polestar 2 မော်ဒယ်တွေ ရောင်းချမှာ ဖြစ်ပါတယ်။
 
 Standard range မော်တာ ၁ လုံး
 Long range မော်တာ ၁ လုံး နှင့် 
 Long range မော်တာ ၂ လုံး
 Polestar 2 မူကွဲ ၃ ခု ရောင်းချမှာ ဖြစ်ပါတယ်။
 
 Polestar 2 Standard range မော်တာ ၁ လုံး မော်ဒယ်က ပါဝါ 228hp (170kW) နဲ့ ရုန်းအား 330Nm အထိ စွမ်းဆောင်ရည်ရှိပြီး ခရီးတာ 470km အထိ သွားနိုင်ပါတယ်။

The Polestar 2  Long range မော်တာ ၁ လုံး မော်ဒယ်က Standard range မော်တာ ၁ လုံးနဲ့ ပါဝါ၊ ရုန်းအား အတူတူ ဖြစ်ပြီး ဘက်ထရီ ပိုကြီးပေးထားလို့ ခရီးတာ 540km အထိ သွားနိုင်ပါတယ်။

Standard range မော်တာ ၁ လုံး မော်ဒယ်က ၂၀၂၂ မတ်လကုန်လောက်မှ စင်ကာပူကို ရောက်ရှိမှာ ဖြစ်လို့ ဈေးမဖွင့်သေးဘူး။
Long range မော်တာ ၁ လုံး မော်ဒယ် ရောင်းဈေးက စင်ကာပူဒေါ်လာ 214,000 ဖြစ်ပါတယ်။
Long range မော်တာ ၂ လုံးက စင်ကာပူဒေါ်လာ 240,000 ဖြစ်ပါတယ်။

စင်ကာပူ အရောင်းပြခန်းကို "Polestar Destination" လို့ အမည်ပေးထားပါတယ်။

 

 

 

Read 3460 times