တရုတ်ပြည်တွင်းကားဈေးကွက် မတ်လတွင် Plugin ကားများ အဝယ်လိုက်
၂၀၂၂ မတ်လတွင် တရုတ်ပြည်တွင်း ကားဈေးကွက်မှာ ပလပ်ထိုး လျှပ်စစ်မော်တော်ယာဉ်များ အဝယ်လိုက်ခဲ့ပြီး ယမန်နှစ်မတ်လထက် စီးရေ ၁၁၈% ပိုများခဲ့ပါတယ်။ ပလပ်ထိုး Plugin အမျိုးအစား လျှပ်စစ်မော်တော်ယာဉ် စီးရေ ၄၅၈,၀၀၀ ဝန်းကျင် ကနဦးမှတ်ပုံတင်ခဲ့ကြပါတယ်။
၂၀၂၂ ပထမ ၃ လပတ် ကုန်ဆုံးတဲ့ မတ်လကုန်မှာ တရုတ်ပြည်တွင်း သုံးစွဲနေတဲ့ ပလပ်ထိုးလျှပ်စစ်မော်တော်ယာဉ်စီးရေ ၁.၁ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။ ပလပ်ထိုးမော်ဒယ်များရဲ့ ၇၈% က ဘက်ထရီဖြင့်သာ မောင်းနှင်တဲ့ လျှပ်စစ်မော်တော်ယာဉ် BEV battery electric vehicle များ ဖြစ်ကြပါတယ်။
မတ်လရောင်းအားကို ကြည့်ရင် ၂၆% က ပလပ်ထိုးမော်ဒယ်များ ဖြစ်ကြပါတယ်။
BEV မော်ဒယ်များက ဈေးကွက်ဝေစု ၂၁% ရရှိခဲ့ပါတယ်။
ယခုလက်ရှိနှုန်းထားဖြင့် BEV မော်ဒယ်များကို ဝယ်စီးကြမယ်ဆိုရင် နောက်ထပ် ၃ နှစ်ကြာပြီးချိန် ၂၀၂၅ မှာ တရုတ်ပြည်တွင်း ကားဈေးကွက်က BEV အခြေတည်ထားတဲ့ ကားဈေးကွက် ဖြစ်လိမ့်လို့ လေ့လာဆန်းစစ်သူများက ကောက်ချက်ချပါတယ်။

၂၀၂၂ မတ်လ မော်တော်ယာဉ် အရောင်းရဆုံး ထိပ်တန်း(၁၀) စာရင်းမှာ ပလပ်ထိုးမော်ဒယ် ၄ ခု ပါဝင်နေပါတယ်။
Wuling Mini EV (ပထမ),
Tesla Model Y (ဒုတိယ),
BYD Song (တတိယ)
Tesla Model 3 (သတ္တမ)
တို့ဖြစ်ပါတယ်။
BYD ရဲ့ နောက်ထပ်မော်ဒယ် Qin Plus က နံပါတ် (၁၁) မှာ ရောက်ရှိနေတာကြောင့် ဧပြီလ ထိပ်တန်း (၁၀) မှာ ပလပ်ထိုးမော်ဒယ် ၅ ခု ဖြစ်လာနိုင်ပါတယ်။

ထိပ်တန်း(၁၀) မှာ ရေနံထွက် လောင်စာဆီသုံး မော်ဒယ် ၆ ခု ပါဝင်ပါတယ်။
Nissan Sylphy (တတိယ)
Toyota Camry (စတုတ္ထ),
VW Lavida (ဆဌမ)
Toyota Corolla (အဌမ)
Honda CR-V (နဝမ)
Changan CS75 (ဒသမ)
တို့ဖြစ်ပါတယ်။

