ရေဘေးသင့် Perodua ကားများအတွက် အကူအညီများ ပေးအပ်


ရေဘေးသင့် Perodua ကားများအတွက် အကူအညီများ ပေးအပ်

၂၀၂၁ ဒီဇင်ဘာလ ၁၉ ရက်က မလေးရှားတွင် မိုးများသဖြင့် ရေကြီးသည်။ ကားများ ရေမြှုပ်ပျက်စီးသည်။ 
မလေးရှားမှာ ဒုတိယအကြီးမားဆုံး ကား ထုတ်လုပ်ရေးလုပ်ငန်း ဖြစ်သော Perodua က အကူအညီ ရယူနိုင်ပါကြောင်း  Perodua ကားပိုင်ရှင်များသို့ အသိပေးကြေညာသည်။ 


ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသော Perodua ယာဉ်ပိုင်ရှင်များအားလုံးအား ကားကုိ ဆွဲခေါ်ခဲ့ရလျှင် ဝန်ဆောင်ခ ကျသင့်ငွေကို ပေးချေပေးခြင်း၊ သတ်မှတ်ထားသော ယာဉ်အပိုပစ္စည်းများ လျှော့စျေးဖြင့် ရောင်းချပေးခြင်း၊ Perodua ကားများကို အခမဲ့စစ်ဆေး‌ပေးခြင်းအပါအဝင် အကူအညီ အမျိုးမျိုးစီစဉ်ပေးထားသည်။

Perodua ကားပိုင်ရှင်များကို ကားဆွဲခေါ်ရသည်ဆိုပါက ဆွဲခေါ်ခအတွက် အများဆုံး ရင်းဂစ် ၁၀၀ အထိ ထောက်ပံ့ပေးသည်။ အနီးဆုံး Perodua ဆားဗစ်စင်တာသို့ ကားကို ဆွဲယူသွားပြီး  တောင်းခံရယူနိုင်သည်။
ရေကြောင့် ပျက်စီးထိခိုက်သည်ကို Perodua ဆားဗစ်စင်တာတွင် ကားလာပြင်သည့်အခါ သတ်မှတ်ထားသော ယာဉ်အစိတ်အပိုင်းများကို ၂၀ % ဈေးလျှော့ပြီး ရောင်းချပေးသည်။
"ကျွန်တော်တို့ စက်ရုံက ထုတ်တဲ့ အပိုပစ္စည်းအစစ်တွေက အာမခံချက် ရှိတယ်။ စိတ်ချရတယ်။ အတုထုတ်ထားတဲ့ အပိုပစ္စည်းတွေက ကားစွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တယ်ဆိုတာ ရှင်းပြပေးပါတယ်" Dato' Zainal Abidin Ahmad က ပြောကြားသည်။

၂၀ % ဈေးလျှော့ရောင်းချပေးသည့် အပိုပစ္စည်းများတွင် အီလက်ထရွန်နစ် အစိတ်အပိုင်းများ၊ အင်ဂျင်အတွင်းပိုင်း ဂတ်စကက်များ၊ ထိုင်ခုံများ၊ ကြမ်းခင်းကောဇောများ အစရှိသည့် ကားရေမြှုပ်လျှင် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်လေ့ဖြစ်ထရှိသော အစိတ်အပိုင်းများ ဖြစ်သည်။


Perodua ဉက္ကဋ္ဌနှင့် စီအီးအို Dato' Zainal Abidin Ahmad က "ကျွန်တော်တို့ရဲ့ကားတွေ ဝယ်စီးကြတဲ့သူတွေက ကျွန်တော်တို့အတွက် အလွန်အရေးကြီးပါတယ်။ ဒီဘေးအန္တရာယ်ကာလအတွင်း ကျွန်တော်တို့ရဲ့ကားတွေ ဝယ်စီးကြတဲ့သူတွေ ရင်ဆိုင်ကြရတဲ့ ဝန်ထုပ်ဝန်ပိုးတွေမှာ အချို့အဝက် သက်သာရာရစေဖို့ ကျွန်တော်တို့ တန်ဖိုးဖြည့်ထည့်ဝန်ဆောင်မှုတွေနဲ့ ကူညီပေးပါတယ်" ဟု ပြောကြားသည်။


"ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုစင်တာအချို့လည်း ရေမြှုပ်တဲ့အထဲ ပါတယ်။ ဒီတော့ ကားကို
မလေးရှားနိုင်ငံတစ်ဝှမ်းရှိ ကျွန်တော်တို့ရဲ့ ဘယ်ဆားဗစ်စင်တာမှာ မဆို အကူအညီတောင်းဖို့ တိုက်တွန်းပါတယ်" ဟု သူက ပြောကြားသည်။


"ရေလွှမ်းမိုးခံရတဲ့ ဆားဗစ်စင်တာတွေကိုလည်း ဝန်ဆောက်မှု‌တွေ အမြန်ဆုံး ပြန်ပေးနိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးပမ်းနေပါတယ်" ဟု သူက အသိပေး ပြောကြားသည်။

 

www.wapcar.my/

Read 1366 times